သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ ( ရီယွမ် )
အခန်း ၁၂၅
"အောင်ပွဲ"
သားရိုင်းကောင်ကြီးပေါ်မှာ ထိုင်စီးနေတဲ့ကလေးက လျန်မျိုးနွယ်စု ကလန်က ရီယွမ်လား? ရီယွမ်ကိုမြင်တွေ့လိုက်ရသော တောက်ကလန်မှ စစ်သည်များအကုန်လုံး အလွန်အံ့သြသင့်သွားကြ၏ ။ ယခု အခမ်းအနား မတိုင်မှီကလည်း ရီယွမ်ကို သူတို့အကြိမ်ပေါင်းများစွာ တွေ့ဖူးခဲ့ကြသော်လည်း ဒီနေ့တော့ လုံးဝ မသေချာသေးပေ ။
ရုပ်ရည်အသွင်အပြင်နှင့် ရူပကာတို့မှာ ရီယွမ်ဟု တပ်အပ်ပြောနိုင်သော်လည်း အဆောင်အယောင်အနေအထားက ကြီးမားကွာဟ လွန်းလှသည် ။ တောက်ကလန်မှလူများအနေဖြင့် ထိုကဲ့သို့သော ဂျိုတစ်ချောင်း သားရဲကြီးကို စီးနိုင်ဖို့ဆိုတာ လုံးဝမလွယ်ကူချေ ။ ထို့ပြင် ငါးပျံပုံပိုးဖဲဝတ်စုံကို ဝတ်ဆင်ထားခြင်းကြောင့်လည်း သူတို့ပိုပြီး အံ့သြမဆုံးဖြစ်နေကြသည် ။ ထိုအခြင်းအရာက ရွာသိမ်ဇနပုဒ်ထဲသို့ သိန်းထောင်ကျော်တန် နောက်ဆုံးပေါ် ဇိမ်ခံကားကြီးကို စီးချလာသကဲ့သို့ပင်တည်း ။
ရီယွမ်၏ သွင်ပြင်က ကျက်သရေအပေါင်းနှင့် တင့်တယ်ခန့်ငြားနေပြီး သူ့ထံမှ ထွက်ပေါ်လာသော အရှိန်အဝါနှင့် ဟိတ်ဟန်တစ်မျိုးက ရီယွမ်ကို နဂါးငယ်တစ်ကောင်ကဲ့သို့ပင် ထင်ရစေသည် ။
တောက်ကလန်ရှိလူများသည်လည်း လျန်ကလန်ရှိ လူများကဲ့သို့ပင် ဖျင်အကျီကိုဝတ်ဆင်ထားသည် ဖြစ်ရာ ရီယွမ်ကို တွေ့လိုက်ရသောအခါ သူတို့ကိုယ်သူတို့ပြန်တွေးကြည့်မိပြီး ရှက်ရွံ့သိမ်ငယ်မိသွားကြလေ၏ ။
တောက်ကလန်ရှိ လူငယ်များကတော့ ရီယွမ်ကိုမနာလိုအားကျနေရာ အသားများပင် တဆတ်ဆတ်တုန်နေကြပြီ ဖြစ်၏ ။ သို့သော်လည်း သူတို့ကြားက ကွာဟချက်များက ကြီးမားလွန်းလှ၏ ။
သူတို့၏ ခွန်အားက နည်းပါးသည် ။ သူတို့၏ အရည်အချင်းနှင့် အစွမ်းအစက ညံ့ဖျင်းလွန်းလှသည် ။ သူတို့၏ အားကျနေသောမျက်ဝန်းများထဲတွင် သူတို့ကိုယ်သူတို့ အားမလိုအားမရဖြစ်နေမှုများနှင့် စိတ်ပျက်လက်ပျက် ဖြစ်နေခြင်းများကို အတိုင်းသားမြင်နေရသည် ။
YOU ARE READING
True Martial World (Book9-12)
Fantasyစာအုပ်အမည် - သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ ဘာသာပြန် - မင်းနန္ဒာ Chapter - (121 -180)