C-158

169 25 0
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ

အခန်း ၁၅၈

“ နတ်ဘုရားဗဟိုမျှော်စင် ”

“ ရောင်စုံမီးတောက်တွေ ထွက်နေတဲ့ ငှက်ကြီးတွေက ဘာကောင်တွေလဲ..?” ရီယွမ်က သူ့အနောက်က လူတစ်ယောက်ကိုမေးလိုက်သည် ။ ထိုရက်ပိုင်းများအတွင်း လေသဘောင်္ပေါ်တွင် သူငယ်ချင်းအသစ်များ သူရရှိခဲ့သည်လေ…

“ အဲဒါက မီးလျှံဝန်ပို ငှက်တွေပဲ… သူ့မှာရှေးဦးမူလသားရဲကြီးတွေရဲ့ မျိုးဆက်သွေးပါတယ်.. မီးလျှံဝန်ပိုငှက်တွေရော …. မီးပေါက်သားရဲရော မီးဓါတ်အခြေခံပြီး အပူသဘာဝရှိတဲ့ စွန့်ပစ်သားရဲတွေပဲ.. နောက်ထပ် မီးသဘာဝရှိတဲ့ သားရဲကို စားလိုက်မယ်ဆိုရင် သူတို့ရဲ့ စွမ်းအင်အဆင့်တိုးတက်သွားမှာ… ”  ရီယွမ်အနားတွင်ရှိသော ခပ်ဝဝလူငယ်တစ်ဦးက ရှင်းပြလိုက်သည် ။

ထိုဝဝဖိုင့်ဖိုင့်နှင့် လူငယ်၏ နာမည်မှာ စုကျင့် ဖြစ်သည် ။ ထိုဝတုတ်လေးက ရီယွမ်ခရီးသွားရင်း ခင်မင်ခဲ့ရသည့် သူငယ်ချင်းအသစ်တစ်ယောက် ဖြစ်သည် ။

စုကျင့်က သူ၏ ဖိုင့်အိနေသော နှစ်ထပ်မေးစေ့ကို လက်ဖြင့်အသာသပ်ရင်း မျက်ခုံးပင့်လိုက်သည် ။

“ အင်း… ရှေးဦးမူလသားရဲကြီးရဲ့ သွေးဆက်ဖြစ်တဲ့ စွန့်ပစ်သားရဲတွေ… သိုင်းသမားတစ်ယောက်အတွက်.. အတော်လေးအကျိုးရှိတယ်… အဲဒီမီးလျှံဝန်ပိုငှက်ကိုသာ ဖမ်းပြီး သားရဲအမြူတေကို ဈေးကွက်မှာထုတ်ရောင်းလိုက်ရင် ပိုက်ဆံအများကြီးရလာမှာပဲ.. လူတွေအလုအယက်ပြုံတိုးပြီး ဝယ်ကြမှာကို မြင်ယောင်သေးတယ်…! ”

ရီယွမ်က ထိုရက်များအတွင်း စွန့်ပစ်သားရဲမျိုးစိတ်များ၏ ခွန်အားနှင့် အလေ့သဘာဝအကြောင်း များစွာ သင်ယူခဲ့ရသည် ။

အားအနည်းဆုံးသားရဲများကို သာမန်စွန့်ပစ်သားရဲများဟုခေါ်သည် ။ သားရိုင်းကောင်များနှင့် ခြားနားသွားသည့် တစ်ခုတည်းသောအချက်က ကောင်းကင်မြေကြီးယွမ်ချီများကို စိတ်ကြိုက်ပုံသွင်းပြီး ထိန်းချုပ်နိုင်ခြင်းပင် ဖြစ်၏ ။

သာမန်စွန့်ပစ်သားရဲများ၏ အထက်တွင်တော့.. လက်ရွေးစင်အဆင့် စွန့်ပစ်သားရဲကြီးများ.. ခေါင်းဆောင်အဆင့် စွန့်ပစ်သားရဲကြီးများနှင့် ဘုရင်အဆင့် စွန့်ပစ်သားရဲကြီးများ.. စသည်ဖြင့်…

True Martial World (Book9-12)Where stories live. Discover now