သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ
အခန်း ၁၅၃
ရန်မန်လောင်က သူ့ကို လက်နှက်နှစ်ခုရွေးချယ်ခွင့်ပေးထားသည်ဖြစ်ရာ အမျိုးအစားမတူသော လက်နှက်နှစ်ခုကို ရွေးချယ်ရန် သူဆုံးဖြတ်လိုက်သည် ။
ရီယွမ်က အဝေးမှတိုက်ခိုက်ရသော လက်နှက်အမျိုးအစားနှင့် အနီးကပ်တိုက်ခိုက်ရသော လက်နှက်နှစ်မျိုးကို ရွေးချယ်ရန် စိတ်ကူးလိုက်သည် ။
အဝေးမှတိုက်ခိုက်ရသော လက်နှက်အမျိုးအစားများကား.. လေး…ဒူးလေး… လက်နှက်ပုန်း.. ပဲခွပ်လှံပုဆိန်..နှင့် လှံတို့ဖြစ်ကြသည် ။
နတ်ဘုရားမြို့တော်ရှိ လက်နှက်တိုက်ထဲရှိ အဝေးပစ်လက်နှက်များထဲမှာမှ လေးနှင့်မြှားရော ဒူးလေးများပါ အတော်များများရှိကြသည် ။ စစ်ပွဲတွင် လက်နှက်ပုန်းများအား သုံးစွဲရန် မသင့်တော်ချေ..။ လှံနှင့်ပုဆိန်ရှည်များကိုတော့ မျိုးနွယ်စုအချင်းချင်းကြား တိုက်ပွဲများတွင် အသုံးပြုကြသည် ။ ထိုလက်နှက်များက အလွန်လေးလံပြီး အမဲလိုက်ရန်အတွက်သင့်လျော်၏ ။ သို့သော်.. ထိုလက်နှက်များကို သယ်ဆောင်သွားရန်အတွက်ကား အလွန်ခက်ခဲ့သည် ။ လူတစ်ဦးအနေဖြင့် လှံဆယ်ချောင်းနှင့် လေးဆယ်လက်ကိုသာ သယ်ဆောင်သွားနိုင်ပေလိမ့်မည် ။
ရီယွမ်က လက်နှက်များကို တစ်ခုပြီးတစ်ခု လိုက်ကိုင်ကာ စမ်းသပ်နေလိုက်သည် ။
ထိုစဉ် … လေးတစ်လက်ကို သူကိုင်လိုက်ရာမှ ထူးဆန်းသော ခံစားမှုလေးတစ်ခုကို ရရှိလိုက်သည် ။ ထိုခံစားချက်လေးက သိပ်ပြီးမသိသာသလို ရှင်းပြရန်ခက်ခဲကာ တစ်စုံတစ်ခုနှင့် ချိတ်ဆက်ထားသလိုမျိုး တည်ရှိနေသည် ။
လေး… ငါ့ရဲ့ ပထမဆုံးလက်နှက်အတွက် လေးကို ငါရွေးမယ်..!
“ အိုး..! မင်းကလေးကို ရွေးလိုက်တာလား..? ” ရန်မန်လောင် မျက်ခုံးပင့်လိုက်မိသည် ။ “ စစ်တပ်ထဲမှာ သိုင်းပညာရပ် ဆယ့်ရှစ်မျိုးရှိတဲ့အထဲမှာမှ မြှားပညာက ပထမဆုံးပညာရပ်ပဲ.. ဒူးလေးက ဒုတိယ.. လှံက တတိယ… ဓါးကောက်က စတုတ္ထ ..ဓါးက ပဉ္စမ.. .. သိုင်းပညာရပ် ဆယ့်ရှစ်မျိုးထဲမှာမှ.. လက်နှက်မဲ့သိုင်းက နောက်ဆုံးပညာရပ်ပဲ..! ”
YOU ARE READING
True Martial World (Book9-12)
Fantasyစာအုပ်အမည် - သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ ဘာသာပြန် - မင်းနန္ဒာ Chapter - (121 -180)