C-163

154 23 0
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ

အခန်း ၁၆၃

ရီယွမ်က ကျောက်တုံးတံခါးကြီးခြောက်ခုရှိရာသို့ မျက်လုံးဝေ့ကြည့်လိုက်သည် ။ ထိုကျောက်တုံးတံခါးများက တစ်ခုနှင့်တစ်ခုပုံစံဆင်တူသော်လည်း တံခါးရွက်ပေါ်တွင် ထွင်းထုထားသည့် သားရဲပုံများကတော့ မတူညီကြပေ… ခေါင်းသုံးလုံး သားရိုင်းကြီး.. မြွေနဂါး .. မီးတောက်ငှက်ရိုင်းကြီးများ.. ဧရာမ ငါးမန်းကြီး စသည့် သားရဲကောင်ကြီးများ၏ ပုံကို ထွင်းထုထားသည် ။

မိမိတို့နှစ်သက်ရာအခန်းကို ရွေးချယ်ဝင်ရောက်နိုင်သည့်အတွက် ရီယွမ်က ခေါင်းသုံးလုံးသားရဲကြီး ရှိရာအခန်းသို့ လျှောက်လှမ်းသွားလိုက်သည် ။

ထိုအချိန်တွင် မလှမ်းမကမ်းတွင်ရှိနေသော ကျိုးခိုင်သည်လည်း ထိုအခန်းသို့လျှောက်လှမ်းလာနေသည်ကို သူတွေ့လိုက်သည် ။

"ဟွန့်..! ဝိညာဉ်ခြွေ ကျောက်တံခါးက အနန္တနတ်ဘုရား ခန်းမထဲမှာ အခက်ဆုံးအခန်းပဲ..!" ကျိုးခိုင်က နတ်ဘုရားမြို့တော်နှင့်ပတ်သက်ပြီး အကြောင်းအရာအတော်များများကို အသေးစိတ်သိထားသည်ဖြစ်ရာ သူ၏ စကားများက ရီယွမ်ကို ခေတ္တတွေဝေသွားစေသည် ။

အခက်ခဲဆုံးတဲ့လား..?

ထိုစွမ်းအင်ကျင့်ကြံခြင်းခန်းမက သာမန်နေရာတစ်ခုတော့ မဖြစ်နိုင်ပေ..

"ကဲ.. ဘယ်လိုလဲ..? မင်းငါနဲ့ ပြိုင်ဦးမလို့လား..? အနန္တနတ်ဘုရားခန်းမက ငါတို့ရဲ့ အရည်အချင်းအစစ်အမှန်ကို စမ်းသပ်ပေးမဲ့နေရာတစ်ခုပဲ… ဟင်းဟင်း.. အလစ်တိုက်ခိုက်တာက ဒီမှာတော့ အသုံးမဝင်ဘူးနော်.. မင်းသိအောင်ပြောပြထားတာ..!" ကျိုးခိုင်က တဟင်းဟင်းရယ်ရင်း ရီယွမ်ကို ခပ်ထေ့ထေ့လေး ကြည့်လိုက်သည် ။ ရီယွမ်၏ အလစ်တိုက်ခိုက်မှုကို ခံရသည့်အတွက် ထိုသကောင့်သား ယခုထိ အစာမကြေဖြစ်နေသေးသည်ကတော့ အမှန်ပင်..

ကျိုးခိုင်ကတော့ ရီယွမ်ကို ရှုံးနိမ့်လိုက်ရသည့်အတွက် သူ့သိက္ခာများတပြားမှ မရှိတော့သလို ခံစားနေရဆဲပင်..  အရင်တစ်ပွဲတွင် သူ၏ပေါ့ဆမှုကြောင့် ရှုံးနိမ့်ခဲ့ရသည် ဖြစ်သော်လည်း ယခုအချိန်က သူ့သိက္ခာကို ပြန်အဖတ်ဆည်နိုင်မည့် အခွင့်အရေးပင် ဖြစ်သည် ။

True Martial World (Book9-12)Where stories live. Discover now