သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ
အခန်း၁၄၈
ဂျီချန်တစ်ယောက် သွေးဘော်လုံးများနှင့်ထိခတ်မိပြီး ဒဏ်ရာပြင်းထန်စွာ ရသွားခြင်းကို ကျန့်ပြည်နယ်.. လူငယ်အင်အားစုဂိုဏ်းမှ သိုင်းသမားများအားလုံး မြင်လိုက်ရသောအခါ မှင်တက်အံ့သြသွားကြသည် ။
အဆုံးမဲ့ကန္တာရကြီးထဲကနေလာတဲ့ ကောင်လေးတစ်ယောက်က ဂျီချန်ကို အနိုင်ယူလိုက်သည်တဲ့လား..?
သူတို့အားလုံး ရီယွမ်ကို လူပျော့ကလေးတစ်ယောက်ဟု သမုတ်ကြသော်လည်း သူတို့က ထိုလူပျော့လေးထက်ပင် ပိုပြီးအခြေအနေဆိုးနေကြသည် ။ အဆုံးမဲ့ကန္တာရကြီးထဲတွင် အဆင့်နိမ့်သိုင်းပညာများသာရှိပြီး ခွန်အားကိုသာ အသုံးပြုပြီး ကြမ်းကြမ်းရမ်းရမ်းတိုက်ခိုက်တတ်ကြသည်ဟု သူတို့လှောင်ပြောင်စွပ်စွဲခဲ့ကြသည် ။ ယခုတော့ ရီယွမ်၏ တဒင်္ဂနက်ရှိုင်းခြင်းက သူတို့၏ ပါးများကို ဖူးယောင်သွားသည့်အထိ ပိုးစိုးပက်စက်ဖြတ်ရိုက်ပစ်လိုက်သလိုပင်..။
“ မှော်အစီအရင်ကို ရပ်လိုက်တော့..! ” ကျန့်ပြည်နယ်မှသိုင်းသမားများက ပျာပျာသဲသဲအော်ပြောလိုက်ကြသည် ။ လူငယ်တစ်ယောက်က မှော်အစီအရင်ကို ကမန်းကတမ်းပိတ်ပစ်လိုက်သည် ။ သူ၏ကိုယ်ပိုင်ကမ္ဘာငယ်လေးထဲတွင် နစ်မျောနေသော ရီယွမ်က မှော်အစီအရင်ရပ်တန့်သွားခြင်းကို သတိထားလိုက်မိပြီး မျက်စိပြန်ဖွင့်လိုက်သောအခါ အဝေးသို့လွင့်စင်သွားပြီဖြစ်သော ဂျီချန်ကို သူတွေ့လိုက်ရသည် ။
အယ်.. ပြီးသွားတာလား..?တော်တော်ချစ်ဖို့ကောင်းတာပဲ.. ငါအခုမှ သိုင်းဈာန်ရကာစပဲရှိသေးတယ်.. ပြီးသွားပြီတဲ့..!
ရီယွမ်က တစ်ဝက်တစ်ပြတ်နှင့်ရပ်လိုက်ရသည့်အတွက် စိတ်မဆိုးပေ… သို့သော် သူ၏ကိုယ်ဖော့သိုင်းပညာလေ့ကျင့်ရန်အတွက် ရေခဲသတ္တုသွေးဘော်လုံး မှော်အစီအရင်က အလွန်သင့်တော်သည်ဆိုတာတော့ သူကောင်းကောင်းသိသွားခဲ့သည် ။ စီးမျောခြင်းပြဒါးဝတ်ရုံကို ဝတ်ဆင်ပြီး ဒီအတိုင်းသာဆက်လေ့ကျင့်သွားပါက တဒင်္ဂနက်ရှိုင်းခြင်း၏ နောက်ဆုံးအဆင့်သို့ သူရောက်ရှိရန်မဝေးတော့ဟု ရီယွမ်က မှန်းလိုက်သည် ။

YOU ARE READING
True Martial World (Book9-12)
Fantasyစာအုပ်အမည် - သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ ဘာသာပြန် - မင်းနန္ဒာ Chapter - (121 -180)