C-127

164 24 0
                                        

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ

အခန်း ၁၂၇

"လျန်သခင်လေး ပြန်လာပြီလား? "

နေဝင်.. နေထွက်… ရက်အနည်းငယ်က မျက်စိတစ်မှိတ်အတွင်းမှာပင်… လျှပ်တစ်ပြက်လို မသိမသာ ဖြတ်ကျော်ကုန်ဆုံး သွားခဲ့ပြန်သည် ။ ရီယွမ်ပြန်လာနေစဉ်အချန်အတောအတွင်း လျန်မျိုးနွယ်စုထဲမှ လူများ၏ ဘဝကတော့ ခက်ခဲကြမ်းတမ်းလွန်းလှသည်ဟု ဆိုရပေမည် ။

မျိုးနွယ်စုတစ်ခုလုံး ဆင်းရဲခြုံကျနေကြပြီး အကြီးအကဲများ၏ အိမ်ထဲရှိ ဆန်အိုးများတွင်ပင်လျှင် ဆန်တစေ့မျှ မကျန်ရှိကြတော့ချေ..

လွန်ခဲ့သော တစ်ပတ်လောက်က လျန်ချိန်ယွိက လျန်မျိုးနွယ်စုတစ်ခုလုံး၏ ရိက္ခာကို အပြောင်သိမ်းသွားခဲ့သည် ။ လွန်ခဲ့သော လအနည်းကဆိုလျှင် ယခုထက်တောင် ပိုဆိုးနေသေးသည် ။ ယခုအခါတွင် သတ်စားစရာ တိရိစ္ဆာန်တစ်ကောင်တစ်မြီးမှ မကျန်ရှိကြတော့သလို.. ဆန်မပြောနှင့် ဖွဲစများပင် ရှာမတွေ့ကြတော့ချေ..

သို့သော်.. တစ်ရွာလုံး ငတ်ပြတ်နေကြတာတောင်မှ သူတို့၏ မျှော်လင့်ချက်ကို လုံးဝ မစွန့်လွှတ်နိုင်ကြသေးပေ..

သူတို့အားလုံး လျန်ချိန်ယွိ အချိန်မှီပြန်လာပြီး သူတို့အားလုံး ပျော်ရွှင်ရမည့် သတင်းကောင်းတစ်ခုကို အောင်ပွဲနှင့်အတူ သယ်ဆောင်လာမည်ဟု ယုံကြည်နေကြဆဲပင် ဖြစ်၏ ။

ထိုအချိန်တွင်.. လျန်မျိုးနွယ်စု၏ ဧကအနည်းငယ်သာ ကျယ်ဝန်းသော ယာခင်းထဲတွင် လူအချို့က ယာအလုပ်များကို လုပ်ကိုင်နေကြသည် ။

ထွန်ယက်ရန်အတွက်သော်လည်းကောင်း… သယ်ယူပို့ဆောင်ရေးအတွက်သော်လည်းကောင်း ကျွဲနွားများ မရှိခြင်းက သူတို့၏ အလုပ်ကို ပိုခက်ခဲစေသည် ။ သစ်ပင်များအောက်တွင်တော့ အမျိုးသမီးအချို့က မြှားခေါင်းများကို ပြုလုပ်နေကြသည် ။ ထိုရက်များအတွင်း.. လျန်ကလန်မှ ပြုလုပ်သည့် မြှားခေါင်းများနှင့် အခြား လက်နှက်အတိုအထွာများကို တောက်ကလန်ကသာလျှင် အများဆုံး ဝယ်ယူအားပေးခဲ့ကြသည် မဟုတ်ပါလား..

ပြီးတော့.. တောက်ကလန်နှင့် လျန်ကလန်က အလွန်တရာ ဝေးကွာလှသည်ဖြစ်ရာ.. ထိုရက်များအတွင်း တောက်ကလန်မှ အဝယ်တော်များ အချိန်မှီ မရောက်လာပါက ထိုပစ္စည်းများကို မည်သည့်နေရာတွင် လဲလှယ်ရောင်းချရမည်လဲဆိုတာကို သူတို့ မသိကြချေ…

True Martial World (Book9-12)Where stories live. Discover now