သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ
အခန်း ၁၄၅
“ မှော်အစီအရင် စတင်ခြင်း ”
ရီယွမ်တစ်ယောက် အတွေးပင်လယ်ထဲ နစ်မျောနေသည့်အချိန်တွင် မှော်အစီအရင်နံဘေးတွင် ရပ်နေသည့် အနီရောင်ဝတ်စုံဝတ်ဆင်ထားသော လူတစ်ယောက်ကို သူတွေ့လိုက်ရသည် ။
ထိုလူငယ်က အသက် ၁၄ နှစ်ခန့်ရှိမည်ဖြစ်ကာ အဖိုးတန်ပိုးဖဲများကို ဝတ်ဆင်ထားပြီး သာမာန်မျိုးရိုးမှ လူတစ်ယောက်မဟုတ်မှန်း ကြည့်လိုက်ရုံနှင့် အကဲခတ်နိုင်သည် ။
“ မှော်အစီအရင်ကို စလိုက်.. ငါအခုစမ်းကြည့်လိုက်မယ်.. ” ထိုလူငယ်က သူ့ကိုယ်သူယုံကြည်မှု အပြည့်အဝရှိသည့်ဟန်ပေါ်လွင်နေလေ၏ ။ ရေခဲသတ္တုသွေးဘော်လုံး မှော်အစီအရင်ကို ခက်ခဲမှု အဆင့် ၁၀ အထိ တင်လိုက်..
ထိုလူငယ်က ထိုကဲ့သို့ပြောလိုက်သောအခါ သူ့အနားရှိ အခြားသောလူငယ်များက သဘောကျသည့်ဟန်ဖြင့် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကြသည် ။
“ ဟားဟား.. သခင်လေး ဂျီချန်ကတော့ လုပ်ပြီးဗျာ.. စမယ့်စတော့လဲ အဆင့်၁၀ နဲ့စလိုက်တာပါလား…? ”
"အဲဒီ ရေခဲသတ္တုသွေးဘော်လုံး မှော်အစီအရင်က အန္တာရယ်တော့များတယ်နော်.. သခင်လေး.. သေချာဂရုမစိုက်ရင် အရိုးတွေကျိုးသွားနိုင်တယ်နော်.." အနားရှိ လူငယ်များက ထိုသို့ပြောပြီးနောက် အစီအရင်ခလုတ်ကို ဆွဲဖွင့်လိုက်ကြလေသည် ။
သတ္တဂံပုံ မြေကွက်လပ်ကြီး၏ နံဘေးတွင် အနီရောင်သလင်းကျောက်များကို အတန်းလိုက် ထည့်သွင်းမြုပ်နှံထားသော စင်္ကြန်ငယ်လေးတစ်ခုရှိလေသည် ။ အနီရောင်သလင်းကျောက်များက အတန်းလိုက် တဖြည်းဖြည်းအရောင်ပိုရင့်လာပြီး နောက်ဆုံးအလုံးက အနီနက်နက် ( အနီရင့်ရောင်) အသွင်ရှိလေ၏ ။
သလင်းကျောက်များကို တစ်တန်းလျှင် ဆယ်လုံးဖြင့် သုံးတန်းစီထားရာ စုစုပေါင်း အလုံးသုံးဆယ်ရှိလေသည် ။
ထိုလူစုက အနီရောင်သလင်းကျောက်ဆယ်လုံးကို ဖိနှိပ်လိုက်ကြသည် ။ ခက်ခဲမှုအဆင့်၁၀ ဟု ဆိုလိုခြင်းပင် ဖြစ်သည် ။
YOU ARE READING
True Martial World (Book9-12)
Fantasyစာအုပ်အမည် - သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ ဘာသာပြန် - မင်းနန္ဒာ Chapter - (121 -180)