C-140

168 22 1
                                        

အခန်း၁၄၀

“ စီးမျောခြင်း ပြဒါးဝတ်စုံ”

ရီယွမ်က အသက်အနည်းငယ် ရှုသွင်းလိုက်သောအခါ အနီးအနားရှိ ရေခဲချီစွမ်းအင်များ အဆုတ်ထဲသို့ ဝင်ရောက်လာခဲ့ပြီး ထိုမှတဆင့် သွေးကြောများအတွင်းသို့ မွှေ့ဝင်စီးဆင်းသွားပြီး ရီယွမ်ကို အလွန်သက်တောင့်သက်သာ ခံစားရစေသည် ။

“လင်မိန်းကလေးက ကျွန်တော့်အတွက် သားရိုင်းအရိုးအမြူတေကို သန့်စင်ပေးထားတယ်လေ…အဲဒါက ကျွန်တော်အဆင့်တက်ဖို့အတွက် လုံလောက်နေပါပြီး….”

လင်စန်းတုန်က… “နင်က.. နဂိုကတည်းက ဒေါသခန္ဓာကိုယ်နဲ့ နဂါးသွေးခုန်နှုန်းကို ပိုင်ဆိုင်ထားတယ်…အဲဒါကြောင့် ခရမ်းရောင်သွေးအဆင့်ကိုတက်မယ်ဆိုရင်.. နင့်အနေနဲ့ စွမ်းအင်တွေအများကြီးလိုမယ်.. နင်တစ်ယောက်ထဲရဲ့ စွမ်းအားနဲ့ အဆင့်တက်နိုင်ဖို့က မလွယ်ဘူး…

လောလောဆယ်… နင်အဆင့်တက်သွားပြီဆိုတော့. .. ငါဆက်ကူညီစရာမလိုတော့ဘူး.. နင့်အနာဂတ်ကို နင့်ကိုယ်တိုင်ပဲ ရွေးချယ်ပြီး ဆက်လျှောက်ပေတော့.. ငါလဲ.. မိုးတိမ်ကန္တာရကနေ င့ါမိသားစုအိမ်ကို ပြန်ရမယ်… ရေခဲစပါးအုံးမြွေကို နင်သတ်ထားတယ်ဆိုတော့ ကောင်းကင်သားရဲပညာကို နင်လေ့လာလို့ရအောင် အရိုးတစ်ခု ငါချန်ထားပေးမယ်…”

လင်စန်းတုန်နှင့် ရီယွမ် . မရဏတောင်ကြားမှ မိုးတိမ်ဒေသသို့ ညတွင်းချင်း ပြန်လာခဲ့ကြသည် ။ မိုးတိမ်ကန္တာရ၏ ဝင်ပေါက်သို့ အရောက်တွင် လင်စန်းတုန်က သူမ၏ သိုလှောင်လက်ကောက်ထဲမှ ရီယွမ်အမဲလိုက်ရာမှ ရရှိလာသော အရာများအကုန်လုံးကို ထုတ်ပေးလိုက်သည် ။

အမွှေးအမှင်များဖြင့်ဖုံးလွှမ်းနေသော သားရဲကောင်ကြီးများကို ကြိုးဖြင့် စုချည်ထားသောကြောင့် အလွန်ကြီးမားသော တောင်ကြီးတစ်လုံးကဲ့သို့ပင် ရှိနေပြီး …ကီလိုငါးသောင်းခန့် အလေးချိန် ရှိမည်ထင်သည်…

သူတို့နှစ်ဦး မခွဲခွာမှီ… လင်စန်းတုန်က.. ရီယွမ်၏ သွေးစွန်းနေသော ဖျင်အကျီင်္ကို တစ်ချက်စောင်းကြည့်လိုက်ပြီးနောက်..  “ငါနင့်ကို အဝတ်အစားသစ်တွေ ပေးမယ်..!”

True Martial World (Book9-12)Where stories live. Discover now