သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ
အခန်း ၁၆၇
လူအများစုကတော့ ရီယွမ်ကို ငေးကြည့်နေကြသည် ။ လေ့ကျင့်ရေးဝတ်စုံနှစ်ခုကို ရွေးချယ်ဝတ်ဆင်လိုက်ခြင်းက အံ့သြသင့်စရာဟုဆိုနိုင်သော်လည်း ရီယွမ်သာ အလေးချိန်ကို တောင့်ခံမနိုင်ပါက လှောင်ရယ်စရာတစ်ခုသာ ဖြစ်သွားပေလိမ့်မည် ။
ရီယွမ်က အနက်ရောင် လေ့ကျင့်ရေးဝတ်စုံကို ခေါင်းမှလျှိုပြီး ဝတ်ဆင်လိုက်သည်နှင့် လေ့ကျင့်ရေးဝတ်စုံတစ်ခုလုံး နွေးလာပြီး ဝတ်စုံပေါ်ရှိ မှော်အစီအရင်များက အသက်ဝင်လာခဲ့ကြသည် ။
ရီယွမ်တစ်ကိုယ်လုံး မြေထဲသို့ ကျွံဝင်သွားပြီလားဟုပင် ခံစားလိုက်ရသည် ။ လေ့ကျင့်ရေးဝတ်စုံ၏ အလေးချိန် ၂၅၀ ကော်ဒရွှန်နှင့် ၅၀ ကော်ဒရွှန် .. စုစုပေါင်း ၃၀၀ ကော်ဒရွှန်ကို သူသယ်ဆောင်ထားရသည် ။
ထိုကဲ့သို့သော အလေးချိန်မျိုးက ခြေလှမ်းလှမ်းလိုက်တိုင်း မြေပေါ်တွင် နက်ရှိုင်းသော ခြေရာများကို ထင်ကျန်ရစ်စေနိုင်သည် ။
တိုင်အီနတ်ဘုရားမြို့တော်၏ လမ်းများက အထူးနည်းလမ်းများဖြင့် ခင်းကျင်းထားသည် ။ သို့မဟုတ်ပါက ထိုကဲ့သို့သော လေ့ကျင့်မှုမျိုးအောက်တွင် မြို့တော်၏လမ်းများ ပျက်စီးသွားနိုင်သည် ။
နောက်ဆုံးတော့ သူဝတ်လိုက်ပြီလား. .. .. ?
ကျိုးခိုင်မျက်မှောက်ကြုတ်လိုက်မိသည် ။ နောက်ဆုံးတွင် သူမမြင်ချင်သော မြင်ကွင်းတစ်ခုကို မြင်လိုက်ရပြီး မဟုတ်ပါလား..? ထိုသောက်ကလေးကို သူအထင်သေးခဲ့သည်ဆိုတာကတော့ သူဝန်ခံရမည် ဖြစ်သည် ။
လွန်ခဲ့သော နှစ်နာရီအချိန်ကတည်းက အနန္တနတ်ဘုရားခန်းမတွင် သူလည်းပဲစွမ်းအင်များစွာ ကုန်ခမ်းခဲ့သည်ဖြစ်ရာ … ထိုကလေးလည်း ထို့အတူပဲဖြစ်ချေလိမ့်မည် ။
“ ကဲ. . . ဖြစ်ချင်တာဖြစ်ကွာ ! ” ကျိုးခိုင်က အံတစ်ချက်ကြိတ်လိုက်ပြီး လေ့ကျင့်ရေးဝတ်စုံနှစ်ခုကို ဝတ်ဆင်လိုက်သည် ။
သူ၏ခြေထောက်များ စတင်လေးလံလာခဲ့သလို . . . ထို့အပြင် သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ ယွမ်ချီများ စတင်လျော့နည်းနေပြီဆိုခြင်းကိုလဲ သူသတိထားလိုက်မိသည် ။

YOU ARE READING
True Martial World (Book9-12)
Fantasyစာအုပ်အမည် - သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ ဘာသာပြန် - မင်းနန္ဒာ Chapter - (121 -180)