C-160

155 23 0
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ

အခန်း ၁၆၀

" အလစ်တိုက်တယ် "

ရီယွမ်က မျက်မှောင်ကြုတ်လိုက်သည်ကို တွေ့လိုက်ရသောအခါ ထိုလူငယ်က “.. သြော်.. မိတ်ဆက်ဖို့မေ့နေတယ်… ငါက ရွှမ်းဝူစစ်တပ်က ကျိုးခိုင်…”

တိုင်အီနိုင်ငံတော်ထဲတွင် ကျင်လုံဝေစစ်တပ်တစ်ခုထဲ မဟုတ်ပဲ.. အခြားစစ်တပ်များလည်း ရှိကြသည် ။ ရွှမ်းဝူစစ်တပ်သည်လည်း ထိုစစ်တပ်များထဲမှ တစ်ခုပင်..

ရွှမ်းဝူစစ်တပ်မှ စစ်သည်များက ကျင်လုံဝေမှ စစ်သည်များထက် စွမ်းရည်နိမ့်ကျသော်လည်း စစ်သည်အရေအတွက်ကတော့ ကျင်လုံဝေထက် ဆယ်ဆမက ပိုမိုများပြားသည် ။

ထို့ပြင် ရွှမ်းဝူစစ်တပ်က သူတို့၏ စစ်တပ်များထဲမှ လက်ရွေးစင်လူငယ်များကို ဂရုတစိုက်ပြုစုပျိုးထောင်ထားခဲ့ခြင်းဖြစ်သောကြောင့် သူတို့၏ လက်ရွေးစင် လူငယ်များက ကျင်လုံဝေထက်တော့ မညံ့ကြပေ…

ရွှမ်းဝူစစ်တပ်က တိုင်အီနိုင်ငံ၏ မြောက်ဘက်နယ်နမိတ်တွင် တပ်စွဲထားပြီး ကျန့်ပြည်နယ်၏ တပ်ရင်းခွဲတစ်ခုလည်း ဖြစ်သည် ။

ယခု ရီယွမ်နှင့် ရွှမ်းဝူစစ်တပ်မှလူများ ရုတ်ရုတ်သဲသဲ အခြေအနေကို ရိပ်စားမိလိုက်သော ကျင်လုံဝေမှ လူများက အနားသို့ တဖွဲဖွဲ စုရုံးရောက်ရှိလာခဲ့ကြသည် ။

စစ်တပ်မှ လူများက အချင်းချင်းစည်းလုံးညီညွတ်ကြသည် ။ အခြားသူများနှင့် အတိုက်အခံ ပဋိပက္ခများ ဖြစ်ပေါ်လာသည့်အခါတွင်.. နောက်ခံအင်အားစုတူသူများ အချင်းချင်းစုဝေးပြီး တစ်စိတ်တစ်ဝမ်းတည်း အတူတူပူးပေါင်းတိုက်ခိုက်ကြသည် ။

“ ညီအစ်ကို ရီယွမ်.. ဘာဖြစ်နေလို့လဲ..? ”

ရီယွမ်နှင့် ခင်သော စုကျင့်ဆိုသည့် သိုင်းသမားတစ်ယောက်က သူတို့အနားကို ရောက်လာခဲ့သည် ။ စုကျင့်သည်လည်းပဲ ကျင်လုံဝေမှ …. လက်ရွေးစင်တစ်ယောက်ပင် ဖြစ်သည် ။

ရီယွမ်က မျက်ရိပ်မျက်ကဲပြပြီး အချက်ပေးလိုက်ရာ … ထိုလူများက လက်ရှိအခြေအနေကို သဘောပေါက်သွားကြသည် ။ “ ဟီးဟီး.. အခန်းက .. ငါးခန်းတောင်ရှိတာ… ငါတို့ခွဲယူသင့်တာပေါ့.. ဘာတဲ့.. ရွှမ်းဝူက လူတွေက အပိုင်စီးထားချင်လို့လား..? ”

True Martial World (Book9-12)Where stories live. Discover now