သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ
အခန်း ၁၄၄
“ ပင်လယ်ပြာပြာ.. လသာသာ.. ပင်လယ်ငိုချင်း.. လှိုင်းမယွင်း ”
နိုင်ငံသူရဲကောင်းဆိုသော ဂုဏ်ပုဒ်၏ အရှိန်အဝါက အတော်လေးအတော်လေး အံ့သြသင့်ဖို့ကောင်းသည်ဟုတော့ ပြောလို့ရသည် ။
အထူးသဖြင့် လက်ရှိလူငယ်ပါရမီရှင်များကြားထဲတွင် အဘယ်သူက မင်းစိုးရာဇာတစ်ယောက် မဖြစ်ချင်ဘဲ ရှိလိမ့်မည်နည်း ။ အဘယ်သူက လိုအပ်သော ချီးမြှင့်ထောက်ပံ့ပစားမှုများကို မလိုချင်ပဲ ရှိလိမ့်မည်နည်း.. ။
နိုင်ငံသူရဲကောင်းဆိုသည်မှာ လူငယ်အားလုံး၏ စမှတ်တစ်ခုပင် ဖြစ်သည် ။ သို့သော်.. သူတို့ဘဝတစ်လျှောက်လုံး ထိုစမှတ်သို့ပင် မရောက်ရှိနိုင်ခဲ့သည့်လူများစွာ ရှိနေကြသေးသည် ။ ယခု … ရီယွမ်ဟုခေါ်သော သူ့ထက်ခေါင်းတစ်လုံးစာခန့်ပိုပုသည့် ကလေးတစ်ယောက်က နိုင်ငံသူရဲကောင်းတဲ့လား…?
ရုတ်တရက်ဆိုသလို.. လူများစွာ၏ မျက်ဝန်းများက ရီယွမ်အပေါ်သို့ စုပြုံကျရောက်လာခဲ့ကြသည် ။
သူတို့ကြားထဲမှ အစူးရဲဆုံးမျက်ဝန်းပိုင်ရှင်များကတော့ လျိုတပ်မှူး၏အနောက်တွင်ရပ်နေကြသော လူငယ်ခြောက်ယောက်ပင် ဖြစ်၏ ။
အဲဒီကလေးက တောထဲကနေတက်လာပြီးတော့ နိုင်ငံသူရဲကောင်းတောင် ဖြစ်သွားတယ်.. စံအိမ်တော်ကြီးတွေထဲကနေ ငါစိတ်ကြိုက်ရွေးလာတဲ့ လက်ရွေးစင်ခြောက်ယောက်က နိုင်ငံစစ်သည်လက်ရွေးစင် အဆင့်ပဲရှိတာလား…?
“ ဟွန့်.. အလကား.. ဆူးကြားက ဘူးခါးဆိုသလို ကြုံရာကျပန်း ဆွဲထုတ်လာတာပါကွာ.. စစ်သားတွေဆိုတာ အဆင့်နိမ့်ပေမယ့်.. ငါတို့ရဲ့ စွမ်းဆောင်ရည်ကတော့ အံ့မခန်းပဲ.. အဲဒီကလေး ဘယ်လောက်ပဲတော်တော်.. ငါတို့ရဲ့ အရည်အချင်းနဲ့ ဆို အသာလေးဖယ်ထုတ်ပစ်လိုက်လို့ရတယ်.. ”
“ အဲဒီနိုင်ငံသူရဲကောင်းဆိုတဲ့ ဘွဲ့ကြီးက ကလေးအကွက်တွေပါကွာ.. ! ”
ကွင်းပြင်ထဲရှိ လူများအားလုံး ယွမ်ချီအသံလှိုင်းများဖြင့် အချင်းချင်း ပြောဆိုဆွေးနွှေးနေကြသည် ။ သို့သော်.. သာမာန်လူတစ်ယောက်နှင့် မင်းစိုးရာဇာတစ်ယောက်ဟူသော အဆင့်အတန်းက ကွာဟနေသောကြောင့် ရီယွမ်၏ ရှေ့တွင်တော့ ပေါ်ပေါ်ထင်ထင် မပြောရဲဝံ့ကြချေ…
YOU ARE READING
True Martial World (Book9-12)
Фэнтезиစာအုပ်အမည် - သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ ဘာသာပြန် - မင်းနန္ဒာ Chapter - (121 -180)