C-124

181 22 0
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ ( ရီယွမ် )

အခန်း ၁၂၄

"စီးတော်ယာဉ်အသစ်"

နိုင်ငံလူရွေးချယ်ပွဲ ပြီးဆုံးသည်နှင့် နောက်တစ်နေ့က ဆုပေးပွဲအခမ်းအနားပင် ဖြစ်ပေသည် ။

ရီယွမ်က ရာထူးခန့်အပ်လွှာကို ဂရုမစိုက်ဘဲ ကျင်လုံဝေ၏ စီးတော်ယာဉ်ဖြစ်သော သားရိုင်းကောင်ကြီးကိုသာ စိတ်ဝင်စားနေသည်ကိုသာ ကျင်းတန်က သတိပြုမိလိုက်သည် ။

ကျင်းတန်က ထိုသားရိုင်းကောင်ကြီးက ရီယွမ်အတွက် အထူးမှာယူထားခြင်းဟု အသိပေးလိုက်သည် ။
"အဲဒီ ..စီးတော်ယာဉ်က ကျွန်တော့်အတွက်လား !" ရီယွမ်က ရှစ်မီတာကျော်မြင့်သော ထိုသားရိုင်းကောင်ကြီးကို ကြည့်ကာ အလွန်အံ့သြသင့်ဟန်ဖြင့် မေးလိုက်လေ၏ ။ ထိုသားရဲကောင်ကြီး၏ ကျောပေါ်တွင် ထပ်ခိုးသုံးဆင့်ကို ဆောက်လုပ်ထားလေ၏ ။

ရီယွမ်က ဒီလို သားရိုင်းကောင်ကြီးကို သူပိုင်ဆိုင်ရမည်ဟူ၍ လုံးဝ မတွေးကြည့်ခဲ့ဖူးပေ ။ လွန်ခဲ့သော သုံးလခန့်အချိန်က ဒီကမ္ဘာပေါ်သို့ သူစရောက်ရှိခဲ့စဉ်တွင် ကျန်းယုရှန်က ဓါးတစ်လက်ကို ကျောမှာလွယ်ကာ ထိုသားရိုင်းကောင်ကြီးကို ဒုန်းစိုင်းစီးနှင်သွားသည်ကို သူမြင်တွေ့ထားခဲ့ဖူးသည် ။

ယခု.....သုံးလကြာပြီးနောက် ထိုကဲ့သို့သော သားရိုင်းကောင်ကြီးကို သူပိုင်ဆိုင်ရပြီ ဖြစ်၏ ။

"ဟားဟား! ဟုတ်တယ် ..အဲဒါ မင်းအတွက်ပဲ ! ကျင်းတန်က ရီယွမ်အံ့သြနေသည်ကို သဘောကျစွာ တဟားဟားအော်ရယ်လိုက်လေ၏ ။ ဟုတ်တယ်ကွ ..တကယ်လို့မင်းသာ သာမန်တပ်သားတစ်ယောက်ဆိုရင်တော့ မင်းတပ်ထဲမှာ အနည်းဆုံး ၂ နှစ်လောက်အမှုထမ်းပြီးမှဘဲ အဲဒီ သားရိုင်းစီးတော်ယာဉ်ကို ရမှာ !"

"အဲဒီ ဂျိုတစ်ချောင်း သားရိုင်းကောင်ကြီးက တစ်နေ့ကို ကီလိုတစ်ရာ့ငါးဆယ်အထိ ခရီးသွားနိုင်တယ် ..သူ့ရဲ့အလေးချိန်ကို ကြည့်ပြီးမဆုံးဖြတ်နဲ့ဦး ... တောင်တွေ ကမ်းပါးတွေကိုတာင် တွယ်တက်နိုင်တယ် ! အဲဒါတွေကြောင့်ပဲ ကျင်လုံဝေရဲ့ လက်စွဲတော် စီးတော်ယာဉ် ဖြစ်နေရတာပေါ့ .. ဒါနဲ့ အဲဒါက ဘာကြောင့်ဖြစ်မယ်လို့ မင်းထင်လဲ"

True Martial World (Book9-12)Where stories live. Discover now