သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ
အခန်း ၁၇၈ရီယွမ်က သူ၏ ဆေးပင်ခူးသော ပထမဆုံးနေ့တွင် ဆေးပင်အနည်းငယ်သာခူးယူရန်အတွက် နဂိုကတည်းက ရည်ရွယ်ထားခဲ့သည် ။ အကယ်၍ သူသာ ဆေးပင် ရာကျော်ခန့် တခါတည်း ခူးယူလိုက်ပါက ဟိုးလေးတကြော်ကြော်ဖြစ်သွားလိမ့်မည် ဖြစ်ကာ အခြားသူများ သူ့အပေါ်သံသယဝင်လာလိမ့်မည် ဖြစ်သည် ။
ရီယွမ်၏ စံချိန်က သူခူးယူခဲ့သော ဆေးပင်များ၏ အရည်အသွေးကြောင့်ပင် ဖြစ်ရမည် ။ အရည်အတွက်ကြောင့် လုံးဝမဖြစ်စေရ…
ထက်မြက်စူးရှသော ထိုးထွင်းသိမြင်နိုင်စွမ်းနှင့် ကံကောင်းမှုအနည်းငယ်တို့ကြောင့် အဖိုးတန်ဆေးပင်များကို ခူးယူနိုင်မည်ဆိုခြင်းက သိပ်တော့အံ့သြစရာမဟုတ်ပေ… ထို့ကြောင့် ရီယွမ်က နဂါးအကြေးခွံထောင်ကျော်ခန့်တန်သော ဆေးပင်များကို ခုး၍ စံချိန်အသစ်တင်နိုင်ရန်သာ စဉ်းစားထားသည် ။
ထို့နည်းလမ်းအတိုင်း တန်ဖိုးကြီး ဆေးပင်အနည်းငယ်နှင့် တဖြည်းဖြည်းချင်း စံချိန်ချိုးနိုင်ရန် ရီယွမ်က စိတ်ကူးထားသည် ။ ဆေးပင်များ လုံလုံလောက်လောက်ခူးယူပြီးသွားသောအခါ ရီယွမ်က သူ၏ ကိုယ်ဖော့ပညာနှင့် ခွန်အားထိန်းချုပ်နိုင်စွမ်းတို့ကို ဆက်လက်လေ့ကျင့်နေလိုက်သည် ။
သူလေ့ကျင့်နေစဉ်တစ်လမ်းလုံးအတွင်း အဆင့်နိမ့်ဆေးပင်များကို ထပ်မံတွေ့ခဲ့ရသည်ဖြစ်ရာ ရီယွမ်က ထိုဆေးပင်များကိုလည်း ဆက်လက်ခူးယူလိုက်သေးသည် ။
ရွှေရောင်အဆင့် ဆေးဖက်ဝင်သစ်ဥသစ်ဖုများထဲမှ သူခူးယူခဲ့သော သစ်သီးတစ်လုံးက သစ်ကနက်သီး ဖြစ်သည် ။ တိုင်အိ မြို့တော်က ထိုသစ်သီးအတွက် နဂါးအကြေးခွံအခုငါးဆယ်တိတိ တန်ဖိုးဖြတ်ထားပေးသည် ။ ထိုသစ်သီးက ရွှေရောင်အဆင့်ဆေးဥများထဲမှ အဖိုးတန်ဆုံးသောဆေးဖက်ဝင် သစ်သီးတစ်မျိုးဖြစ်ကာ အခြားသော မဟူရာအဆင့်နိမ့်ဆေးပင်များထက်ပင် ပိုတန်ဖိုးကြီးသေးသည် ။
ရီယွမ်၏ ယနေ့တာအတွင်း ခူးယူခဲ့သော ဆေးပင်များက နဂါးအကြေးခွံ နှစ်ရာကျော်အထိ တန်ကြေးရှိနေပြီ ဖြစ်၏ ။ ထိုပမာဏက သာမန် ဆေးပင်ခူးသမားတစ်ယောက် တစ်နေ့တာရရှိသော ပမာဏထက် ၇ဆ ၈ဆ ခန့်ပိုများနေသေးသည် ။
YOU ARE READING
True Martial World (Book9-12)
Fantasiaစာအုပ်အမည် - သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ ဘာသာပြန် - မင်းနန္ဒာ Chapter - (121 -180)