C-130

174 24 0
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ

အခန်း ၁၃၀

“ ဆုပေးဒဏ်ပေး ! ”

ထိုကဲ့သို့သော အခြေအနေတွင် တစ်ရွာလုံးရှေ့၌ သူမတို့ကို လက်ပြပြီးခေါ်လိုက်ခြင်းက ကျိုးရှောက်ခီတို့ သားအမိကို လုံးဝမတွေးတတ်အောင် ဖြစ်သွားစေသည် ။

ရီယွမ်က သဘောကျစွာ တဟားဟား ရယ်လိုက်ပြီး.. "ရှောက်ခီ.. ဒီကိုလာခဲ့… အစ်ကိုမင်းကိုပေးစရာတစ်ခုရှိလို့..!"

ကျိုးရှောက်ခီက ရီယွမ်ကို အတိုင်းသားငေးကြည့်နေလိုက်၏ ။ ရီယွမ်၏ မျက်နှာပေါ်တွင် သူမရင်းနှီးကျွမ်းဝင်ဖူးသော အပြစ်ကင်းစင်သည့် အပြုံးချိုချိုလေးကို မြင်လိုက်ရမှ သူမစိတ်သက်သာရာ ရသွားသည် ။

ထိုအပြုံးလေးက အစ်ကို ရီယွမ်တစ်ယောက် မပြောင်းလဲသွားဘူးဆိုတာ သက်သေပြပေးနေသည် ။ သူဘယ်တော့မှ မပြောင်းလဲသွားပါ.. နိုင်ငံသူရဲကောင်းကြီး ဖြစ်သွားသော်လည်း ကျိုးရှောက်ခီ၏ အချစ်ဆုံးအစ်ကိုတစ်ယောက်အဖြစ် ဆက်ရှိနေဆဲပင်…

ဟုတ်..!

ကျိုးရှောက်ခီလေးက ခစ်ခနဲရယ်လိုက်သောအခါ သူမ၏ ပါးထက်ပေါ်မှ ပါးချိုင့်လေးက ချစ်စဖွယ်ကောင်းအောင် ပေါ်လွင်လာခဲ့သည် ။ ကျိုးရှောက်ခီက ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး ရီယွမ်ရှိရာသို့ပြေးသွားလိုက်ပြီး ရီယွမ်၏ လက်ကိုလှမ်းဆွဲလိုက်သည် ။

“ အစ်ကို ရီယွမ်..! ”

ရီယွမ်၏ လက်များက ချောမွေ့နူးညံ့နေသော်လည်း သန်မာခိုင်မြဲလှသည် ။ ရီယွမ်အနားတွင်ရှိနေသောအခါ သူမခံစားနေရသော အေးစက်ခြင်း ဆာလောင်ခြင်းများ လုံးဝမခံစားရပဲ သက်တောင့်သက်သာခံစားလိုက်ရသည် ။

“ ရော့ .. ရှောက်ခီ.. ဒါက ညီမလေးအတွက်..” ရီယွမ်က အဝတ်အိတ်တစ်အိတ်ကို ထုတ်ယူလိုက်သည် ။ ထိုအိတ်မှ ပူနွေးသော အငွေ့အသက်များ၏ အရှိန်ကို ခံစားနေရသည် ။

ရှောက်ခီက အလွန်အံ့သြသင့်သွားဟန်ဖြင့် ရီယွမ်ကမ်းပေးသော အထုတ်ကိုလှမ်းယူလိုက်၏ ။ ထိုအထုပ်ကို သူမ ဖွင့်မကြည့်ရသေးသော်လည်း မွှေးပျံ့သော အစားအစာရနံ့များက သူမ၏ နှာခေါင်းဝထဲသို့ အလိုလိုတိုးဝင်လာခဲ့သည် ။

True Martial World (Book9-12)Where stories live. Discover now