သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ
အခန်း ၁၆၉
“ကနဦးမြှား”
စစ်တပ်များထဲတွင်တော့ တိုက်ခိုက်ရေးလေ့ကျင့်ခန်းများက အခြေခံအကျဆုံးလေ့ကျင့်ခန်းအများစု ဖြစ်ကြသည် ။ လက်နှက်အသုံးပြုပြီး တိုက်ခိုက်လေ့ကျင့်ကြသည် များသည် ။
လှံနှင့် ဓါးမော့.. ဓါးမောက်နှင့်ဓါး.. ပုဆိန်နှင့်တူ အစရှိသည်ဖြင့်
စစ်သည်တစ်ယောက်အတွက် လက်နှက်များ၏ အလေးချိန်ဆိုတာက ဘာဆိုဘာမှ မဟုတ်ပေ.. ရိုးရိုးရှင်းရှင်း လွယ်လွယ်ကူကူတိုက်ခိုက်နိုင်ရန်နှင့် ထိရောက်မှုများအောင် လက်နှက်ကိုအသုံးပြုကြခြင်း ဖြစ်သည် ။
ထို့ကြောင့် သူတို့၏ တိုက်ခိုက်နိုင်စွမ်းကို စမ်းသပ်ရန်အတွက် ပစ်မှတ်တစ်ခုလိုအပ်သည် ။တိကျပြင်းထန်သော ရိုက်ချက်တစ်ချက်က သံချပ်ကာ ဝတ်စုံကိုပင် ဖေါက်ထွက်သွားစေနိုင်သည် ။ စစ်သည်တစ်ယောက်အတွက် အခြိမ်းခြောက်နိုင်ဆုံးဖြစ်ရပ်တစ်ခုက သူတို့၏ သံချပ်ကာများ ပေါက်ထွက်သွားမည်ကိုပင်…
ရွှမ်းဝူစစ်တပ်ထဲတွင်တော့ ထိုပစ်မှတ်များကို သတ္တုများဖြင့် ပြုလုပ်ထားပြီး သာမန်သံရိုင်းများနှင့်သာ ရောစပ်ထားခြင်းကြောင့် စစ်သည်အချို့အတွက် သိပ်ပြီး အသုံးမဝင်ချေ ။
သို့သော် တိုင်အီ နတ်ဘုရားမြို့တော်ထဲတွင်တော့ ထိုသို့မဟုတ်ပေ.. ။
တိုင်အီ နတ်ဘုရားမြို့မှ စစ်သည်တစ်ယောက်အတွက် သံပြားများကို ထိုးခွဲနိုင်ဖို့ဆိုသည်မှာ ထင်းတုံးများကို ထိုးဖြတ်နေရသလောက်သာ ရှိသည် ။
ထို့ကြောင့် တိုင်အီနတ်ဘုရားမြို့မှ ဗျူဟာသခင်များက ကိုယ်တိုင်ပြန်လည်ကုစားနိုင်စွမ်းရှိသည့် ခရမ်းရောင်အဖြိုက်နက်သတ္တုနံရံကြီးကို ဆောက်လုပ်ထားရခြင်း ဖြစ်ပေသည် ။
ထို့ပြင် ထိုနံရံကြီးက လုံလုံလောက်လောက် မာကြောခိုင်ခံသည့်အတွက် ထိုနံရံကြီး၏ လက်ရာက ရီယွမ်ကို တအံ့တသြဖြစ်သွားစေသည် ။ တိုင်အီနတ်ဘုရားမြို့တော်၏ စည်းမျဉ်းစည်းကမ်းများနှင့် လေ့ကျင့်ရေးအထောက်အကူပြု ပစ္စည်းများက သူ့ကို မျက်စိပွင့်နားပွင့်စေသည် ။

YOU ARE READING
True Martial World (Book9-12)
Fantasiaစာအုပ်အမည် - သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ ဘာသာပြန် - မင်းနန္ဒာ Chapter - (121 -180)