C-165

159 25 1
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ

အခန်း ၁၆၅

“ ဒေါင်…ဒေါင်..! ”

စူးရှသော မောင်းသံကြီးက လူတိုင်း၏ နားထဲတွင် ကျယ်လောင်စွာမြည်ဟီးသွားခဲ့သည် ။

“ အချိန်နှစ်နာရီပြည့်ပြီ..! အနန္တနတ်ဘုရားခန်းမထဲက ကျင့်ကြံသူမှန်သမျှ ထွက်လာရမယ်..! ” အားကောင်းမာန်ပါသည့် အသံက ခန်းမခြောက်ခုလုံးတွင် ပဲ့တင်ရိုက်ခတ်သွားလေ၏ ။

အချိန်ပြည့်သွားပြီတဲ့လား ? တော်တော်ချစ်ဖို့ကောင်းတာပဲ ..! ရီယွမ်က သူ၏ အတွေးသိုင်းဈာန်ထဲတွင် နစ်မြုပ်လို့ကောင်းနေဆဲပင် ရှိသေးသည် ။ ရီယွမ်က မျက်စိပြန်ဖွင့်လိုက်ပြီး သူ၏ အတွေးကမ္ဘာထဲမှ ထွက်ခွာလာခဲ့လိုက်သည် ။

“ အင်း.. နှစ်နာရီဆိုတဲ့အချိန်က အတော်နည်းတာပဲ..! ” ရီယွမ် အတော်လေး နောင်တရနေမိသည် ။ အတွေးသိုင်းဈာန်များထဲတွင် နစ်မြောနေသည့်အချိန်၌ တစ်ဝက်တစ်ပျက်ဖြင့် ရပ်ဆိုင်းခဲ့လိုက်ရခြင်းက သူ့ကို မသက်မသာ ခံစားရစေသည် ။

နောက်ထပ်နည်းနည်း..နောက်ထပ် နှစ်နာရီလောက်သာ ဆက်နေလိုက်ရလျှင် သူအများကြီးထပ်ရဦးမှာ..

ရီယွမ်က သူ့ရှေ့မှ ရှေးဦးမူလသားရဲကျောက်ရုပ်ကြီးကို မခွဲနိုင်မခွာနိုင်ဟန်ဖြင့် လှမ်းကြည့်လိုက်မိသည် ။
“အင်း အနန္တနတ်ဘုရားခန်းမကြီးက တကယ့်အဖိုးတန်ရတနာကြီး တစ်ခုပဲ.. ! ငါဘယ်အချိန်မှ ဒီကိုနောက်တစ်ခေါက် ပြန်ရောက်နိုင်ဦးမလဲ မသိဘူး…! ”

“ သေစမ်း..! နောက်ဆုံးတော့ ငါဖြတ်လာနိုင်ပြီပဲကွ..ဟားဟား..! ”

“လေ့ကျင့်ရေးတွေက ကောင်းပါတယ်..ဒါပေမယ့် နှစ်နာရီအတွင်း အတော်လေး အီစလံဝေထွက်သွားတာပဲ”

ရီယွမ်နံဘေးရှိ လူငယ်များကတော့ တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေကြသည် ။

အချို့သော သိုင်းသမားများကတော့ စိတ်နှင့်လူနှင့်မကပ်သလို ခြေထောက်ပေါ်တွင်မရပ်တည်နိုင်ဘဲ ကုန်းကုန်းကွကွ ရှိနေကြသည် ။ အချို့လူများကတော့ ခွေးသေတစ်ကောင်လို ကြမ်းပြင်ပေါ်တွင် ကားယားကြီး လဲကျနေကြသည် ။

True Martial World (Book9-12)Where stories live. Discover now