C-147

168 21 0
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ

အခန်း ၁၄၇

“ လူငယ်ဆိုတာ…”

ရီယွမ်နှင့် ယှဉ်ပြိုင်ရမည်ဆိုခြင်းကြောင့် ဂျီချန်တစ်ယောက် အတော်လေး စိတ်ဓါတ်တက်ကြွနေပေသည် ။ “ကဲ မှော်အစီအရင်ကို စလိုက်ရအောင်… တကယ်လို့ ခက်ခဲမှုအဆင့်ကို အဆင့်၁၂ အထိတင်လိုက်မယ်ဆိုရင် နိုင်ငံသူရဲကောင်းကြီးကတော့ စိတ်မရှိလောက်ပါဘူးနော်…ဟင်းဟင်း…!”

ဂျီချန်၏ စကားလုံးများက လေးစားသမှုအပြည့်ရှိသော်လည်း သူ၏ မျက်ဝန်းများကတော့ မခိုးမခန့်ဟန်ဖြင့် အထင်သေးသည့်ပုံရိပ်များ ပေါ်လွင်နေပေသည် ။ အဆုံးမဲ့ကန္တာရသားများအားလုံးက သိုင်းပညာအားနည်းကြသည် ။ ရီယွမ်က သူ၏ နိုင်ငံသူရဲကောင်းဆိုသော ဂုဏ်ပုဒ်နှင့်ထိုက်တန်သည့် ခွန်အားတစ်ရပ်ကို ပိုင်ဆိုင်ထားတော့ရော.. ဘာဖြစ်လဲ…?

“ ကောင်းပြီ.. ခက်ခဲမှုအဆင့်၁၂ ဆိုလဲ ၁၂ ပေါ့..  ! ” ရီယွမ်ကလုံးဝ ဂရုမစိုက်ပေ… ခက်ခဲမှုအဆင့်၁၂ ဆိုသည်က သူ့အတွက် ဘာမှမဟုတ်ပေ..

ကျန့်နယ်မှ လူငယ်အင်အားစုအဖွဲ့ဝင် လူငယ်က ပြုံးစစဖြင့် ထိန်းချုပ်ခလုတ်ခုံမှ အနီရောင်သလင်းကျောက်ဆယ့်နှစ်ခုအထိ ဖိနှိပ်လိုက်သည်။

အဆုံးမဲ့ကန္တာရထဲမှ သိုင်းသမားများက ရင်တမမဖြင့် ရီယွမ်ရှိရာဘက်သို့ စိုးရိမ်စိတ်များ ရောစွက်နေသော မျှော်လင့်ချက်များသမ်းနေသည့် မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်ကြသည် ။

“ ဝှမ်…. ”

သွေးဘော်လုံး ဆယ့်နှစ်လုံးက ရီယွမ်နှင့်ဂျီချန်ရှိရာသို့ ဥက္ကာပျံများကြွေကျလာသကဲ့သို့ အရှိန်ပြင်းစွာဖြင့် တိုးဝင်လာကြသည် ။

ဂျီချန်၏ မျက်ဝန်းများထဲတွင် တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်လျက်ရှိသည် ။သူ၏ခန္ဓာကိုယ်ကို ရေပြင်ညီအတိုင်း ပစ်လွှတ်လိုက်သည်နှင့် မြောက်များစွာသော အရိပ်တန်းရှည်များ အထပ်လိုက်ပေါ်ထွက်လာခဲ့ပြီး အနီးရှိ ပတ်ဝန်းကျင်လေထုတစ်ခုလုံး မြည်ဟီးတုန်ခါသွားလေသည် ။

True Martial World (Book9-12)Where stories live. Discover now