C-151

164 25 0
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ

အခန်း ၁၅၁

“မုန်တိုင်းကြားထဲက နဂါး”

ကျန့်ပြည်နယ်မှ သိုင်းသမားများကတော့ ထိုအဖြစ်အပျက်ကို လုံးဝမယုံနိုင်သေးပေ..

“ အဲဒီလို အောက်ခံအကျီင်္ပါးပါးလှပ်လှပ်လေးက ကီလိုတစ်ရာတောင် အလေးချိန်ရှိတယ်တဲ့လား..? ပြီးတော့ ရီယွမ်က အဲဒီအကျီင်္ကိုဝတ်ပြီးတော့ အခက်အခဲအဆင့်၁၅ကို ပေါ့ပေါ့ပါးပါးလေး ကျော်ဖြတ်ခဲ့တယ်တဲ့လား..?
ဒါဟာသပဲ ဖြစ်ရမယ်..!”

“အဲဒီအကျီင်္ကို.. ငါခနကြည့်လို့ရမလား..? ” စုန့်ဇီဂျွန်က သံသယများ ပြည့်နှက်နေသော မယုံသင်္ကာမျက်ဝန်းများဖြင့် လက်ကိုဆန့်တန်းပြီး အကျီင်္ကိုလှမ်းတောင်းလိုက်လေ၏ ။

ရီယွမ်က စီးမျောခြင်းပြဒါးဝတ်စုံကို ကမ်းပေးလိုက်သည် ။ စုန့်ဇီဂျွန်က လက်နှစ်ဖက်ဖြင့်ကိုင်ပြီး လှမ်းယူလိုက်သောအခါ ထိုဝတ်စုံ၏ နူးညံ့အေးစက်ပြီး ပျော့ပြောင်းသော အထိအတွေ့ကို သူခံစားလိုက်ရသည် ။ သူ၏ မျက်ဝန်းများကမူ စပါးကြီးမြွေ၏ ညှိ့ချက်မိထားသော သားကောင်တစ်ကောင်လို… ထိုဝတ်စုံကိုကြည့်ရင်း တွေဝေမိန်းမောနေလေ၏ ။

“ အရည်အသွေးကောင်းတယ်.. ချုပ်ထားတဲ့လက်ရာလဲသေသပ်တယ်..! ပစ္စည်းကောင်းတစ်ခုပဲ..!” စုန့်ဇီဂျွန်က ထိုစကားများကို စိတ်မပါသည့်လေသံဖြင့် ပြန်ပြောလိုက်ရင်း စီးမျောခြင်းပြဒါးဝတ်စုံအား ရီယွမ်ကို ပြန်ပေးလိုက်သည် ။ လေးလံသော တိုက်ပွဲဝင်ဝတ်စုံများလည်း လေလံဈေးတွင် အလွယ်တကူရရှိနိုင်ပါသည် ။ သို့သော် ထိုဝတ်စုံများက ရိုးရိုးသံချပ်ကာအကျီင်္နှင့်အတူတူပင် ဖြစ်ကာ ပုံသေအလေးချိန်တစ်ခုရှိပြီး ဝတ်ဆင်လိုက်ပါက လုံးဝ လှုပ်ရှားရန် မလွယ်ကူပေ.. ။

သို့သော်. စီးမျောခြင်းပြဒါးဝတ်စုံက အလေးချိန်ကို လိုသလို ချိန်ညှိနိုင်သည့်အပြင် နူးညံ့ပျော့ပြောင်းပြီး ပါးလျနေသေးသည် ။ ဝတ်စုံ၏ အလေးချိန်ကို ထည့်မတွက်လျှင်တောင် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်လိမ့်မည် ဖြစ်၏ ။

အရည်အသွေး ကွာဟချက်က အလွန်ကြီးမားလွန်းလှသည် ။
စုန့်ဇီဂျွန်က ထိုကဲ့သို့သော ဝတ်စုံများကို ထည်လဲဝတ်ဆင်ခဲ့ဖူးသည် ။ သို့သော် ရီယွမ်လက်ထဲမှ ဝတ်စုံနှင့်နှိုင်းယှဉ်လိုက်ပါက တစ်ခြားစီပင်..

True Martial World (Book9-12)Where stories live. Discover now