အခန်း ၁၃၃
“ပြန်လည်ရိတ်သိမ်းခြင်း….”
တောင်စွယ်သို့ နေကတဖြည်းဖြည်းကွယ်ပျောက်သွားချိန်တွင်… လျန်မျိုးနွယ်စုများ၏ ဆန္ဒများသည်လည်း ပြည့်ဝလာခဲ့ပြီ ဖြစ်၏ ။
သူတို့၏ ဘဝတွင် ထိုကဲ့သို့သော အသားအမြောက်အများကို ယခုမှ ပထမဆုံအကြိမ် စားဖူးခြင်းဖြစ်သည် ။ အချိန်အကြာကြီး ဆင်းရဲငတ်ပြတ်ခဲ့ရသဖြင့်…ယခုကဲ့သို့ ဗိုက်ပြည့်အောင် ဝဝလင်လင်စားရခြင်းအတွက် အလွန်ပျော်ရွှင်နေမိခဲ့ကြသည် ။
အစာစားပြီးနောက်… အစာခြေရန်အတွက် အချိန်ကျလာပြီ ဖြစ်၏ ။
အပြင်သို့ ထွက်ပြီး လေ့ကျင့်ခန်း တစ်ခုခု လုပ်နေလိုက်ခြင်းက အစာခြေရန်အတွက် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်၏ ။ မည်ကဲ့သို့သော လေ့ကျင့်ခန်းမျိုးကို လျန်မျိုးနွယ်စုမှ လူများက လုပ်ဆောင်ကြမည်နည်း..? စိတ်ဝင်စားစရာပင်……လျန်ချိန်ယွိက လူအားလုံးကို လှည့်စားနေသည်မှန်း သိသာအောင် ရီယွမ်က ဖော်ထုတ်ပေးခဲ့သည် ။ လျန်ချိန်ယွိက…လူတိုင်း၏ အဆီကိုစားပြီး အသားကိုမျိုကာ အရိုးသက်သက်ချန်ထားပေးခဲ့သည် ။ သူလုပ်သမျှအရာအားလုံး သူ၏ အနာဂတ် ကိုယ်ကျိုးတစ်ခုတည်း အတွက်သာ….
လျန်ချိန်ယွိကြောင့် အငတ်ဘေးကို လူတိုင်း ဆိုးဝါးစွာ ခံစားခဲ့ရသည် ။ ရယ်စရာကောင်းသည်တစ်ခုမှာ…သူတို့၏ မျှော်လင့်ချက်များ အကုန်လုံးကို လျန်ချိန်ယွီအပေါ် ယုံကြည်စွာ ပုံအပ်ထားခဲ့ကြလေသည် ။
ထိုလူများက…သူတို့ခံစားခဲ့ရသော…အရာများကို တစိမ့်စိမ့်ပြန်တွေးမိတိုင်း လျန်ချိန်ယွိအပေါ် တူးတူးခါးခါး ပိုမို မုန်းတီးလာခဲ့ကြသည် ။
ယခု.. ရီယွမ်ကောင်းမှုကြောင့်…သူတို့အားလုံး အစာကို ဝဝလင်လင်စားနိုင်ကြပြီ ဖြစ်၏ ။ လျန်ချိန်ယွိက သူတို့၏ ရန်သူသာမဟုတ်…သူတို့ရဲ့ ကယ်တင်ရှင်ကြီး၏ ရန်သူတစ်ယောက်လည်း ဖြစ်သည် ။ မည်သည့်အတွက်ကြောင့်နှင့်မှ..လျန်ချိန်ယွိအပေါ် သူတို့သက်ညှာနိုင်လိမ့်မည် မဟုတ်ပေ…
လျန်ချိန်ယွိက…ဒုက္ခိတ တစ်ပိုင်း ဖြစ်နေသော်လည်း ရွာသားများ၏ နှိပ်စက်မှုကို လုံးဝမခံခဲ့ရသေးပေ…။ မိမိ၏ ရန်သူကို ကလဲ့စားမချေရသေးဘဲ..မိမိလက်ထဲတွင် ဒီအတိုင်းသေသွားစေရန် တစ်ခုခုမလုပ်ဘဲ မည်သူက ဒီအတိုင်း ထိုင်ကြည့်နေမည်နည်း..?

YOU ARE READING
True Martial World (Book9-12)
Fantasíaစာအုပ်အမည် - သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ ဘာသာပြန် - မင်းနန္ဒာ Chapter - (121 -180)