သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ
အခန်း ၁၆၈ကျိုးခိုင်ကတော့ သူ၏ သတ်မှတ်ထားသော ခံနိုင်ရည်ကို ကျော်လွန်သွားခဲ့ချေပြီ.. ! အနီးအနားရှိ သင်တန်းသားများအားလုံး ထိုမြင်ကွင်းကိုကြည့်ရင်း မှင်တက်သွားကြသည် ။
ကျိုးခိုင်နှင့် ရီယွမ်တို့ နှစ်ဦးစလုံး အလေးချိန် ၂၅၀ ကော်ဒရွှန်ကို ဝတ်ဆင်ထားကြသည် ။
ရီယွမ်ကတော့ ထိုပုံစံအတိုင်းသာ ဆက်ခုန်သွားနေသည် ။ သူပိုများများခုန်လေ.. ပိုပြီးအရှေ့ရောက်လာလေလေပင် ဖြစ်သည် ။ ကျိုးခိုင်ကတော့ အမောဖောက်ပြီး လဲကျသွားခဲ့ချေပြီ ။
ဘယ်လိုဖြစ်နိုင်မှာလဲ ?
ကျိုးခိုင်က ရီယွမ်ထက် နှစ်ဆခန့်ပိုမိုကြံ့ခိုင်သန်မာသည့်အပြင် ရွှမ်းဝူစစ်တပ်မှ တပ်သားတစ်ယောက်လည်း ဖြစ်သည့်အတွက် အလေးချိန်များများ သယ်ဆောင်သည့်နေရာတွင် အားသာချက်ရှိသည် ။
ယခု.. ထိုအရာက ဘာအဓိပ္ပါယ်လဲ ?
“ အစ်ကိုကျိုးခိုင်..!” ရွှမ်းဝူစစ်တပ်မှ သင်တန်းသားများ အခြေနေမကောင်းမှန်းသိလိုက်ပြီးနောက် စိုးရိမ်စွာ လှမ်းအော်လိုက်ကြပြီး ကျိုးခိုင်အနားသို့ တဒိုင်းဒိုင်းနှင့် လျှင်မြန်စွာရောက်ချလာခဲ့သည် ။
ကျိုးခိုင်၏ ပါးစပ်မှ အမြုပ်များတစီစီထွက်နေပြီး မျက်ဖြူလန်နေပြီ ဖြစ်၏ ။ထိုအချိန်တွင် ရွှမ်းဝူစစ်တပ်မှ တပ်သားများကတော့ သူတို့၏ ဂုဏ်သိက္ခာကို လုံးဝမစဉ်းစားနိုင်ကြတော့ပဲ သားရဲအမြူတေတစ်လုံးကို ထုတ်ကာ ကျိုးခိုင်ပါးစပ်ထဲ ထည့်ပေးလိုက်သည် ။
ကျိုးခိုင်၏ ခန္ဓာကိုယ်က အတော်လေးအခြေအနေကောင်းသည်ဟု ဆိုရမည် ။ ယွမ်ချီများကုန်ခမ်းပြီး သက်လုံကျကာ အမောဖောက်သွားခြင်းကြောင့်သာ သူပစ်လဲကျသွားခြင်း ဖြစ်သည် ။
သားရဲအမြူတေက သူ၏ အစာအိမ်ထဲသို့ ရောက်သွားသည်နှင့် နွေးထွေးသော စွမ်းအင်စီးကြောင်းလေးများ တစ်ကိုယ်လုံး ပျံ့နှံ့သွားသောအခါ ကျိုးခိုင်က တဖြည်းဖြည်းသက်သာလာခဲ့သည် ။ သူ၏ အမြင်အာရုံများ အနည်းငယ်ဝေဝါးနေဆဲပင် ဖြစ်သော်လည်း ရီယွမ်၏ နောက်ကျောကို လက်သီးဆုပ်အရွယ်လောက်သာ မှိန်ပျပျလေးမြင်ရပြီး မိုးကုပ်စက်ဝိုင်းထဲမှ ပျောက်ကွယ်သွားတော့မည့်ဟန်ကို တွေ့လိုက်ရသောအခါ သူချက်ချင်း သေချင်စော်နံသွားသည် ။

YOU ARE READING
True Martial World (Book9-12)
Fantasiaစာအုပ်အမည် - သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ ဘာသာပြန် - မင်းနန္ဒာ Chapter - (121 -180)