C-176

146 25 0
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ
အခန်း ၁၇၆

ဇောင်ချင်ချန်က သူမပြောပြနေသည့် လျှိုဟွား အဖွဲ့အစည်းအကြောင်းကို ရီယွမ် စိတ်ဝင်စားဟန်ပြပြီး နားထောင်နေသည်ကို မြင်လိုက်ရသောအခါ ဝမ်းသာသွားသည် ။

''ခိခိ.. မောင်လေးရေ.. နင်သိတဲ့အတိုင်းပဲ တိုင်အီနတ်ဘုရားမြို့တော်မှာ အဖွဲ့အစည်းနောက်ခံအင်အားတစ်ရပ်မရှိပဲ ကြာကြာနေဖို့ဆိုတာ မလွယ်ဘူးလေ.. ငါတို့လျှိုအဖွဲ့ထဲကို လာခဲ့ပါလား ? ငါတို့အဖွဲ့ထဲဝင်ခွင့်ရဖို့ အရည်အချင်းလိုအပ်ချက်တွေ အများကြီးရှိပေမယ့် ငါသာမိတ်ဆက်ပေးမယ်ဆိုရင် နင်ချက်ချင်းဝင်ခွင့်ရမှာ သေချာတယ်..!''

သို့သော် … ရီယွမ်က သူမ၏ ကမ်းလှမ်းချက်ကို လက်မခံပဲ ခေါင်းခါပြလိုက်ပြီး  ''ရပါတယ်.. ကျွန်တော် တစ်ယောက်ထဲပဲ နေတတ်လို့ပါ !''
ရီယွမ်က သူ၏ လက်ရှိပုံစံကို ကောင်းကောင်းသိသည် ။ ဆေးပင်ထည့်သည့်ခြင်းတောင်းကို ကျောတွင်လွယ်ထားသည့် နုံချာသော တပ်သားသစ်လေးတစ်ယောက် … သူ့ကို ဘယ်အဖွဲ့က လက်ခံချင်လိမ့်မည်နည်း ..

''အေးပါ… နင့်ကိုတစ်ယောက်ယောက် ရန်စအနိုင်ကျင့်မယ်ဆိုရင် မမ မင်းကို ကာကွယ်ပေးပါ့မယ်.. ဟီးဟီး..!''

ချူရှောက်ရန်က ရီယွမ်ကို ရွှန်းရွှန်းစားစားကြည့်ပြီးနောက် သူ၏ တခြားမိန်းကလေးဖော်များနှင့် ဆေးပင်ခူးသည့် ဌာနမှ ထွက်ခွာသွားသည် ။

ရီယွမ်ကတော့ ဆေးပင်စာရင်းစာအုပ်ကို ကိုင်ထားရင်း တွေတွေကြီး ရပ်ကျန်နေခဲ့သည် ။ ရှေးဦးမူလ သစ်ပင်များကို ခူးဖို့က အလွန့်အလွန်ကို ခက်ခဲသည် ။ မြေပြင်အဆင့်နှင့် ကောင်းကင်အဆင့်ဆေးပင်များကို ပစ်မှတ်ထား ရှာဖွေသည်ကမှ သူ့အတွက် ပိုပြီး နီးစပ်နိုင်သေးသည် ။
သို့သော်.. ဆေးပင်ခူးသည့်အလုပ်က သူ၏ အကျွမ်းကျင်ဆုံးအလုပ်ဆိုသည်ကတော့ ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ…

ရီယွမ်က ထိုသို့တွေးတောနေချိန်၌ သူ့အနောက်မှ စီစစ်ရေးမှူးဝမ်၏ အသံက ခြင်္သေ့မတစ်ကောင်၏ ဟိန်းသံလိုမျိုး ထွက်ပေါ်လာခဲ့သည် ။

''မင်းပြီးပြီလား ? မင်းပြီးပြီဆိုရင်လဲ ဒီမှာ ငုတ်တုတ်ရပ်မနေနဲ့ ! လမ်းပိတ်တယ်…''

True Martial World (Book9-12)Where stories live. Discover now