သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ
အခန်း ၁၅၆အောက်အီးအီးအွတ်….!
အာရုဏ်ဦး၏ ရောင်ခြည်က လင်းကြက်တွန်သံနှင့် တွဲဖက်၍ ပေါ်ထွက်လာသည်နှင့်တပြိုင်နက်.. ကျင်လုံဝေ၏ တပ်သားသစ်များ ကွင်းပြင်ကြီးထဲသို့ စုရုံးရောက်ရှိလာကြသည် ။
ရီယွမ်သည်လည်း စစ်တပ်တန်းလျားထဲတွင် နေထိုင်ရလေသည် ။ နိုင်ငံသူရဲကောင်းတစ်ယောက်ဖြစ်သည့်အတွက် သူ၏ အဆောင်က အခြားသူများထက်တော့ သာလွန်ကောင်းမွန်သည်ဟု ဆိုရပေမည် ။
ရန်မန်လောင်က မြေကွက်လပ်အလယ်တွင်ရပ်ကာ တပ်သားသစ်များကို အကဲခတ်စစ်ဆေးနေလေသည် ။“ ဒီနေ့ဟာ မင်းတို့စစ်သားဖြစ်လာတဲ့ ပထမဆုံးနေ့ပဲ.. ဒီနေ့ကစပြီး ငါးနှစ်မှခြောက်နှစ်အထိ ခက်ခဲကြမ်းတမ်းတဲ့ သင်တန်းတွေ..ပညာရပ်တွေကို မင်းတို့သင်ကြားရမယ်…”
ကျင်လုံဝေစစ်တပ်ထဲရှိ လူအများစုမှာ ခရမ်းရောင်သွေးနောက်ဆုံးအဆင့်သို့ ရောက်ရှိထားသူများ ဖြစ်ကြပြီး တချို့ကတော့ အငြိမ်းစားယူလိုက်သည့်အချိန်တွင် ထိုအဆင့်ထက်မက ရောက်ရှိသွားကြသည်များလဲ ရှိသည် ။
ခရမ်းရောင်သွေး နောက်ဆုံးအဆင့် သိုင်းသမားတစ်ယောက်အနေဖြင့် သက်တမ်း ၁၅၀ ခန့်အထိ ကောင်းစွာ နေထိုင်နိုင်ကြလေသည် ။
ကျင်လုံဝေတွင်လည်း အချိန်အကြာကြီး တာဝန်ထမ်းဆောင်ရမည် ဖြစ်ရာ ငါးနှစ်.. ခြောက်နှစ်ဟူသော အချိန်ကာလက မပြောပလောက်ပေ..“မင်းတို့အားလုံးကို အထူးသင်တန်းအတွက် အုပ်စုသုံးစုခွဲထားပေးမယ်…”
“ အဲဒီ အုပ်စုသုံးခုလုံးထဲမှာမှ.. နံပါတ်သုံးခုမြောက် အုပ်စုက နတ်ဘုရားမြို့တော်ထဲမှာပဲ.. သင်တန်းတက်ရမယ်.. သင်တန်းပြီးဆုံးတာနဲ့ မင်းတို့အားလုံး နတ်ဘုရားမြို့တော်ရဲ့ သာမန်စစ်သည်တွေ ဖြစ်လာကြလိမ့်မယ်.. မင်းတို့သာ အရည်အချင်းရှိမယ်ဆိုရင်တော့ လက်ရွေးစင်တွေ ဖြစ်လာနိုင်တယ်… တချို့လူတော်တွေဆိုရင် နိုင်ငံသူရဲကောင်းတောင် ဖြစ်လာနိုင်တယ်.. အဲဒါတွေအားလုံးက မင်းတို့ရဲ့ လုပ်ရပ်နဲ့ အရည်အချင်းပေါ်ပဲ မူတည်တယ်..”
YOU ARE READING
True Martial World (Book9-12)
Fantasyစာအုပ်အမည် - သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ ဘာသာပြန် - မင်းနန္ဒာ Chapter - (121 -180)