သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ
အခန်း ၁၂၂
"သွေးအန်ခြင်း"
ပေရာပေါင်းများစွာအမြင့်မှ အောက်သို့ပြုတ်ကျလာမည်ဆိုလျှင် ချီစုဆောင်းမှုအဆင့်သိုင်းသမားတစ်ယောက်ဆိုပါက အသက်သေဆုံးသွားလိမ့်မည် ဖြစ်သော်လည်း ခရမ်းရောင်သွေးအဆင့်သိုင်းသမားတစ်ယောက်ကတော့ အသက်မသေနိုင်သည့်တိုင် အတော်လေးရုပ်ပျက်ဆင်းပျက် ဖြစ်သွားမည်မှာ အမှန်ပင် ။
သို့သော် ထိုမိန်းကလေးကတော့ မမြင်ရသောလက်တစ်စုံက သူမကိုထွေးပွေ့ပေးထားသလို ငှက်တစ်ကောင်ကဲ့သို့ပေါ့ပါးစွာ ပျံဆင်းလာခဲ့သည် ။
အဲဒါ ...သူ ပျံနေတာလား ? မိုးတိမ်ဒေသရှိလူများအကုန် အံ့သြသင့်ကြကုန်သည် ။ သိမ်းငှက်ကြီးများကိုစီးပြီး ကောင်းကင်ပေါ်တွင်ပျံဝဲနေနိုင်သော လူများကို သူတွေ့ဖူးသည် ။ သို့သော် ဒီနေ့ကျတော့ ..သူလိုငါလို အသွေးနှင့်အသားနှင့် မိန်းကလေးတစ်ယောက်က လေပေါ်ပျံနိုင်သည်တဲ့လား?
ဘယ်လိုနည်းလမ်းမျိုးတွေ သုံးထားတာလဲ ?
သူတို့ တစ်ခါမှလဲ မကြားဖူးခဲ့ကြချေ ။
ပရိတ်သတ်များက ထိုမြင်ကွင်းကို မျက်လုံးကျွတ်ကျမတတ် စိုက်ကြည့်နေကြသလို တောက်ကလန်မှအကြီးအကဲများကလည်း ထိုမိန်းကလေး သိုင်းခန်း ဘယ်အဆင့်ထိရောက်ပြီလဲဆိုတာကို ဇဝေဇဝါ ဖြစ်နေကြချေ၏ ။
သိုင်းပညာကို အထွတ်အထိပ်အနေအထားတစ်ခုအထိ ရောက်အောင်ကျင့်ကြံနိုင်ပါက လေပေါ်တွင်ပျံနိုင်သည်ဆိုခြင်းကို သူတို့ကြားဖူးကြသော်လည်း ထိုအဆင့်က သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပေ၏ ။
ဘာပဲပြောပြော ခရမ်းရောင်သွေးအဆင့်သိုင်းသမားတစ်ယောက်တောင် အဲဒီလိုမလုပ်ဆောင်နိုင်ဘူးဆိုခြင်းကတော့ အသိအသာပင် ။
ထိုမိန်းကလေးက ခရမ်းရောင်သွေးအဆင့်ထက် ပိုမိုအဆင့်မြင့်နေသည်တဲ့လား ?
ဒါပေမယ့် သူမ၏ အသက်က .. ယခုမှ ဆယ်ကျော်သက် အရွယ်သာ ရှိနေသေးသည် မဟုတ်ပါလား ?
YOU ARE READING
True Martial World (Book9-12)
Fantezieစာအုပ်အမည် - သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ ဘာသာပြန် - မင်းနန္ဒာ Chapter - (121 -180)