၁၃၈
" စွန့်ပစ်သားရဲ"
ရီယွမ် အရှေ့သို့ မတိုးရသေးခင်မှာပင် သားရိုင်းတစ်ကောင်၏ တိတ်တဆိတ် အလစ်တိုက်ခိုက်မှုကို ခံရပြန်သည် ။ ထိုသားရိုင်း၏ အရွယ်အစားမှာ မျောက်တစ်ကောင်ခန့်ရှိပြီး ကျောပေါ်တွင် အတောင်ပံတစ်စုံပါရှိပြီး လင်းနို့နှင့် ခပ်ဆင်ဆင်တူလေ၏ ။
''ခရမ်းစွယ် လင်းဝက်… ! သူ့ရဲ့ ခရမ်းရောင်အစွယ် တွေမှာ ရှိတဲ့ အဆိပ်က ကိုက်မိတာနဲ့ လူရဲ့သွေးထဲကို ချက်ချင်းပျော်ဝင်သွား… ပြီးတော့ လူတစ်ယောက်လုံးကို ခြောက်ကပ်ပြီး အခွံပဲကျန်တဲ့အထိ သွေးစုပ်နိုင်စွမ်းရှိတယ်… ခရမ်းစွယ် လင်းဝက်က သိပ်ပြီးခွန်အားမကြီးပေမယ့် သူ့ရဲ့ အလျင်က အရမ်းမြန်တယ်… အလစ်တိုက်တဲ့နေရာမှာဆို ဒီကောင်တွေက ဘုရင်ပဲ.. သူ့ရဲ့ခေါင်းကိုနင် ဖြတ်ပစ်နိုင်လို့တော်သေးတာပေါ့.. နင့်ရဲ့ဓါးသိုင်းက နာရီပိုင်းအတွင်းမှာ မြန်မြန်တိုးတက်လာခဲ့တာပဲ…''
လင်စန်းတုန်က မိုးတိမ်ကန္တာရထဲရှိ သားရိုင်းကောင်များကို အတော်စုံစုံလင်လင် လေ့လာထားသည် ။ ကမ္ဘာ့စွယ်စုံကျမ်းတစ်ခုကဲ့သို့ပင်.. လမ်းမှာတွေ့သမျှ သားရိုင်းကောင်များနှင့် လူသားစားသစ်ပင်များ၏ အမည်နှင့် အားသာချက်များ… ကို သူမက စုံလင်စွာ သိရှိထားသည် ။
မရဏတောင်ကြားထဲသို့ သွားရာလမ်းတစ်လျှောက်လုံး ရီယွမ်က တွေ့သမျှ သားရိုင်းကောင်များနှင့်တိုက်ခိုက်ပြီး သူမက ရီယွမ်ကို အားသာချက်.. အားနည်းချက်များကို ဘေးကနေပြီး ညွှန်ပြပေးနေခဲ့သည် ။
ထိုအခြင်းအရာက ရီယွမ်၏ တိုက်ပွဲအပေါ် ထိုးထွင်းသိမြင်သုံးသပ်နိုင်စွမ်းကို တဖြည်းဖြည်း တိုးတက်မြင့်မားလာစေခဲ့သည်။အချိန်များက တဖြည်းဖြည်း လျှင်မြန်စွာ ကုန်ဆုံးလာခဲ့သည် ။ မရဏတောင်ကြားထဲသို့ သူတို့နှစ်ဦးသား တစ်ရက်နှင့် တစ်ည ခရီးနှင်ခဲ့မိသောအခါ.. ကီလိုရာပေါင်းအနည်းငယ်ခန့် အကွာသို့ ရောက်ရှိလာခဲ့ကြသည် ။
ရီယွမ်က လမ်းတစ်လျှောက်လုံး သူတွေ့ကြုံခဲ့ရသော အန္တာရယ် ဒါဇင်ပေါင်းများစွာကို ချေမှုန်းပစ်နိုင်ခဲ့သည် ။

YOU ARE READING
True Martial World (Book9-12)
Fantasiaစာအုပ်အမည် - သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ ဘာသာပြန် - မင်းနန္ဒာ Chapter - (121 -180)