သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ
အခန်း ၁၆၆
“ဖားခုန်”
ထိုအချိန်တွင် ကျင်လုံဝေမှ တပ်သားများ၏ မျက်နှာက ကွက်ခနဲ ပျက်ဆင်းသွားကြသည် ။
သူတို့အားလုံး သိုင်းပညာထူးချွန်ကြသော်လည်း ကာယကြံ့ခိုင်မှုပိုင်းတွင်တော့ ရွှမ်းဝူစစ်တပ်မှ သိုင်းသမားများလောက်တော့ မသန်မာကြပေ..
ရွှမ်းဝူစစ်တပ်က လေးလံသော သံချပ်ကာများကို ဝတ်ဆင်ရသည့် စစ်တပ်ကြီးတစ်ခုဖြစ်သည် ။ ရွှမ်းဝူဆိုသည့် နာမည်က နတ်ဘုရားအဆင့်သားရဲကြီး၏ နာမည်ဖြစ်သည် ။ ထိုသားရဲကြီးက လိပ်တစ်ကောင်နှင့် အလားသဏ္ဍာန်ဆင်ပြီး ကျောဘက်တွင်မြွေတစ်ကောင်ကို တင်ဆောင်ထား၏ ။
ရွှမ်းဝူစစ်တပ်မှလူများက ခန္ဓာကိုယ် ကြံခိုင်သန်စွမ်းရန်နှင့် ပိုပြီးသန်မာအားကောင်းစေရန်အတွက် လေ့ကျင့်ခန်းများကိုသာ ဦးစားပေးလေ့ကျင်ကြသည် ။
ကျင်လုံဝေမှလူများအနေဖြင့် ရွှမ်းဝူစစ်တပ်မှ တပ်သားများထက် သာလွန်ရန် လုံးဝမဖြစ်နိုင်ပေ လုံးဝမဖြစ်နိုင်ပေ… ။
ကျင်လုံဝေမှတပ်သားများက အနန္တနတ်ဘုရားခန်းမထဲတွင် နှစ်နာရီခန့်မနည်းကြိုးစားပမ်းစားနေရသည့်အပြင် ယခု တစ်ချက်လေးမျှပင် အနားမယူရပဲ အခြေခံလေ့ကျင့်ခန်းများကို ဆက်လက် လုပ်ဆောင်ရဦးမည်ဖြစ်ရာ ထိပ်ပြောင်လူကြီး၏ စကားများက သူတို့၏ ရင်ဝကို ဆောင့်ကန်ထည့်လိုက်သလို ဆို့နင့်သွားစေသည် ။
နတ်ဘုရားဒေသတပ်စခန်း၏ လေကျင့်ရေးကွင်းက သေမင်းခံတွင်းဝဟု ကျော်ကြားသလို တော်ရုံတန်ရုံလူများ လုံးဝတောင့်ခံနိုင်သည့်နေရာတစ်ခုမဟုတ်ပေ…
ကျင်လုံဝေမှ လူများ၏ မျက်နှာများ ရှုံမဲ့ထွက်သွားသည်ကို တွေ့လိုက်ရသောအခါ ရွှမ်းဝူစစ်တပ်မှလူများ စတင်စိတ်လှုပ်ရှားလာကြတော့သည် ။
“ ကဲ လေ့ကျင့်ရေးကတော့ အခုပဲစမယ်…! ဒီကနေ လေ့ကျင့်ရေးကွင်းကို ငါးကီလိုမီတာဝေးတယ်… အဲဒီအထိ မင်းတို့ ဖားခုန် ခုန်သွားရမယ်…! ”

YOU ARE READING
True Martial World (Book9-12)
Fantasíaစာအုပ်အမည် - သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ ဘာသာပြန် - မင်းနန္ဒာ Chapter - (121 -180)