C-154

160 25 0
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ
အခန်း ၁၅၄

"ဒုတိယ လက်နှက် "

နဂါးသွေးခုန်နှုန်းနဲ့ ဒေါသခန္ဓာကိုယ်ကို စီးမျောခြင်းပြဒါးဝတ်စုံနဲ့ ပေါင်းစပ်လေ့ကျင့်ထားတဲ့အတွက် မင်းရဲ့ ခန္ဓကိုယ်အပြင်အားက တော်တော်လေးသန်မာတာပဲ..

ရန်မန်လောင်က ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည် ။ "မင်းကို အဲဒီလေး ပေးလိုက်ရတဲ့အတွက် ငါ့ကိုစိတ်မပျက်စေဘူးပဲ..! အဲဒီလေးနဲ့သာ ပုံမှန်လေ့ကျင့်သွားမယ်ဆိုရင် မင်းတော့ အနာဂတ်မှာ လျှမ်းလျှမ်းတောက်အောင်မြင်မှာ အသေအချာပဲ…"

"ကျေးဇူးပါ ဗိုလ်ချုပ်ကြီး..!" ရီယွမ်က လှိုက်လှိုက်လှဲလှဲကျေးဇူးတင်လိုက်သည် ။ ရန်မန်လောင်က သူ့ကိုသေသေချာချာ ပြုစုပျိုးထောင်ပေးနိုင်ရန်အတွက် သူ၏အရည်အချင်းက လုံလောက်ပြီဟု သူထင်သည် ။

တိုင်တန်လေးကို ကျောနောက်တွင်လွယ်လိုက်ပြီးနောက် ရီယွမ်က မြှားကျည်တောက်ကို လှမ်းယူလိုက်သည် ။

ထိုမြှားကျည်တောက်ထဲတွင် တိုင်အီလေးအတွက် သီးသန့်လုပ်ထားသော လေခွင်းမြှားများ ရှိလေသည် ။ မြှားခေါင်းကို အေးခဲသတ္တုထပ်ဖူးတပ်ထားပြီး မြားအရင်းတွင် ရှေးဟောင်းမူလသားရဲကြီး၏ မျိုးဆက်ဖြစ်သော ငှက်မိစ္ဆာ၏ အမွေးအတောင်များ တပ်ဆင်ထားသည် ။  ထိုကဲ့သို့သော မြှားက တစ်ဖက်ရန်သူ၏ ယွမ်ချီလှိုင်းများကြောင့် မည်သို့မှ လမ်းကြောင်းပြောင်းလဲပြီး ဦးတည်ဖက်သွေဖယ်သွားလိမ့်မည် မဟုတ်ချေ.. ထိုမြှားများကား ထိပ်တန်းအဆင့်မြှားများ ဖြစ်ကြသည် ။

ထိုကဲ့သို့တန်ဖိုးကြီးမားလှသည့် မြှားများကို ပစ်ရမည်က နှမြောစရာတော့အကောင်းသားပင်.. အားကောင်းသန်မာသည့် မြှားသမားတစ်ယောက်ကသာ ထိုမြှားတံထဲတွင် ယွမ်ချီများကို ထည့်သွင်းပြီးပစ်လွှတ်လိုက်ပါက ပစ်မှတ်ကိုထိမှန်ပြီးသောအခါ ပိုင်ရှင်ထံသို့ ပြန်လှည့်လာနိုင်ပေသည်။

လေးနှင့်မြှားကို ယူပြီးသွားသောအခါ အနီးခုတ် လက်နှက်များသာ ရွေးချယ်ဖို့ ကျန်တော့သည် ။

ရီယွမ်က လက်နှက်တိုက်တစ်ခုလုံးကို စိတ်ကြိုက်မွှေနှောက်ပါလေတော့သည် ။

True Martial World (Book9-12)Where stories live. Discover now