C-157

171 21 0
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ ရီယွမ်..
အခန်း ၁၅၇
“နတ်ဘုရားဒေသသို့ ခရီးသွားခြင်း”

“ ယွမ်အာ.. အဲဒီနတ်ဘုရားဒေသကတပ်စခန်းကို နင်သွားရတော့မှာပေါ့ ဟုတ်လား..? ” ကျန်းရှောက်ရုန်က သူမ၏ နူတ်ခမ်းလေးကိုကိုက်လိုက်ပြီး ရီယွမ်ကို အလိုမကျဟန်ဖြင့်ကြည့်ကာ လှမ်းမေးလိုက်သည်

ရီယွမ်က ထိုတပ်စခန်း၏ ကြမ်းတမ်းခက်ခဲပုံနှင့် အသေအပျောက်စာရင်းများအကြောင်းကို ကျန်းရှောက်ရုန်အား မပြောပြထားသော်လည်း ကျန်းရှောက်ရုန်က ထိုတပ်စခန်းနှင့်ပတ်သက်ပြီး အရာအားလုံးကို ကြိတ်စုံစမ်းထားခဲ့သည်။

၁၅% အသေအပျောက်နှုန်းနှင့် ၅% ဒုက္ခိတဖြစ်သွားကြသူများအကြောင်းက အလွန်စိတ်မချမ်းမြေ့ဖွယ်ရာပင်..

“ ကျွန်တော် ဘာမှမဖြစ်ပါဘူး..” ရီယွမ်က အခိုင်အမာပြန်ပြောလိုက်သည် ။

ရီယွမ်၏ စကားများကို ကြားလိုက်ရသောအခါ ကျန်းရှောက်ရုန်၏ နူတ်ခမ်းပါးလေးများ အနည်းငယ်ပွင့်ဟလာခဲ့ကြပြီး တစ်စုံတစ်ခုကို ပြောရန်ဟန်ပြင်လိုက်သော်လည်း နောက်ဆုံးတွင် မည်သည့်စကားမှ ထွက်မလာခဲ့ကြပေ..

နောက်ဆုံးတွင် ရီယွမ်၏ ကိုယ်လုံးလေးကို သူမက အသာအယာပွေ့ဖက်လိုက်လေတော့သည် ။ ရီယွမ်လိုချင်သော ဘဝကို သူမသိသည် ။ ပြီးတော့ ရီယွမ်၏ စိတ်ဓါတ်ကိုလည်းသိသည် ။ ရီယွမ်သာ ဆုံးဖြတ်ချက်အခိုင်အမာ ချလိုက်ပြီးဆိုပါက မည်သို့မျှ ပြောင်းလဲဖို့မဖြစ်နိုင်တော့ချေ…။

မြင်းရိုင်းတို့သည်… မြက်ရိုင်းလွင်ပြင်ကျယ်ကြီးထဲတွင်သာ ပျော်မြူးတတ်ကြသည် မဟုတ်ပါလား…

ကျန်းရှောက်ရုန်က ရီယွမ်၏ ခရီးစဉ်အတွက် လိုအပ်မည့်အရာမှန်သမျှကို ထည့်ပေးနေသည် ။ “ ရုန် ” ဟူသော စာလုံးကိုရေးထွင်းထားသည့် အိတ်လေးတစ်လုံးကို ရီယွမ်အတွက် ချုပ်ထားပေးလိုက်သည် ။ ထို့ပြင် လူဝကြီးစုကျီထံမှ ရရှိထားသော အကာအကွယ်အဆောင်စာရွက်ကို ရီယွမ်ဘေးကင်းပါစေဆိုသော ရည်ရွယ်ချက်ဖြင့် ရီယွမ်အား ပြန်ထည့်ပေးလိုက်သည် ။

ထို့နောက်တွင်မူ .. ရီယွမ်က သူ၏ ခရီးရှည်ကြီးကို စတင်ထွက်ခွာလာခဲ့သည် ။

True Martial World (Book9-12)Where stories live. Discover now