သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ
အခန်း ၁၆၄
ဘာပဲပြောပြော ရီယွမ်၏ လုပ်ဆောင်ချက်က အောင်မြင်ခဲ့ပြီဖြစ်၏ ။ ယန်ရွှေသတ္တုများဖြင့် ထည့်သွင်းပိတ်ဆို့ထားသော စွမ်းအင်များ ဖြစ်လင့်ကစား ခရမ်းရောင်သလင်းကျောက်က အလွယ်တကူ စုပ်ယူနိုင်နေဆဲပင်…
သို့သော်… သူ၏ စုပ်ယူနှုန်းက နှေးကွေးနေဆဲပင် … အဓိက က သူ၏ စိတ်စွမ်းအင် နည်းပါးမှုကြောင့်ပင် ဖြစ်ရပေလိမ့်မည် ။
ယန်ရွှေသတ္တုများဖြင့် ထည့်သွင်းပိတ်ဆို့ထားသော စွမ်းအင်များက ရှေးဦးမူလသားရဲကြီး၏ စွမ်းအင်များအားလုံးထဲမှ အလွန်သေးငယ်သော စွမ်းအင်များသာ ရှိကြသေးသည် ။
ရီယွမ်၏ စိတ်စွမ်းအင်သာ ယခုထက်ပိုမိုအားကောင်းပါက ယန်ရွှေသတ္တုထဲမှ ပိုမိုများပြားသော စွမ်းအင်လှိုင်းများကို စုပ်ယူနိုင်ပေလိမ့်မည် ။
ယခင်က .. သားရဲအရိုးမှ ရီယွမ်စုပ်ယူခဲ့သော စွမ်းအင်လှိုင်းများက အလင်းစက် အလင်းပျောက်များအရွယ်သာ ရှိကြသော်လည်း ယခု ရီယွမ်စုပ်ယူလိုက်သော စွမ်းအင်များက ပင်ဂွင်းငှက်ဥအရွယ်အစားခန့်ထိ ကြီးမားလေသည်။ရီယွမ်မျက်ခုံးပင့်လိုက်မိသည် ။ ထိုအလင်းလုံးလေးများ၏ ပတ်ပတ်လည်တွင် ဝေ့ဝိုက်စီးဆင်းနေသော စိတ်စွမ်းအင်လှိုင်းများကို အရိပ်ပါးလေးတစ်ခုအဖြစ် သူတွေ့လိုက်ရခြင်းကြောင့်ပင်…
ရှေးဦးမူလသားရဲကြီးရဲ့ စွမ်းအင်တွေက အရမ်းကိုသန့်စင်လွန်းတဲ့အတွက်ကြောင့်ပဲ ဖြစ်ရမယ်..! အံ့သြဖို့ကောင်းလိုက်တာ…!
ရီယွမ်ကတော့ ဆေးပင်များအနေဖြင့် သတ်မှတ်ထားသည့် သက်တမ်းသို့ရောက်ရှိပါက.. ဥပမာ.. ခရမ်းရောင်သွေးဂျင်စင်းသည် ကလေးငယ်တစ်ဦး၏ ပုံစံ သို့မဟုတ်.. မိန်းမပျိုလေးတစ်ယောက်၏ အသွင်သို့ ပြောင်းလဲနိုင်ကြောင်း သူကောင်းစွာသိသည် ။ ( သူယောင်သီးများ နှင့် အတူတူပင် ဖြစ်၏ )
ရီယွမ်က သေးငယ်ပါးလျသော ထိုအလင်းပျောက်လေးများ၏ အရိပ်ကို သူ့ထံသို့ ရောက်ရှိလာစေရန် ခရမ်းရောင်သလင်းကျောက်၏ အကူအညီဖြင့် ဆွဲယူလိုက်သည် ။
YOU ARE READING
True Martial World (Book9-12)
Fantasiaစာအုပ်အမည် - သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ ဘာသာပြန် - မင်းနန္ဒာ Chapter - (121 -180)