စာစဉ်ကို ဝန်ဇင်းတွင်လည်း ဝယ်ယူအားပေးဖတ်ရှုနိုင်ပါသည်ခင်ဗျာ။ စာစဉ်တစ်ခုလျှင် ၁၅ ပိုင်းစီပါဝင်တဲ့အတွက်ကြောင့် စာစဉ် ၁၁ဆိုလျှင် အခန်း ၁၅၁ မှ စတင်မည် ဖြစ်ပါကြောင်း ။ မှတ်သားရလွယ်ကူစေပြီး အမှားအယွင်းမရှိစေရန်အတွက် အခန်းစဉ်နံပါတ်များကိုလည်း စာအုပ်အဖုံးတွင် စနစ်တကျ ထည့်ထားပေးပါတယ်ခင်ဗျာ ။
အခန်း ၁၅၀
“ ဟာသတစ်ပုဒ် ဖြစ်ပါစေ”
ရီယွမ်က စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သော်လည်း သူ့အတွက်အကျိုးရှိအောင် လုပ်နိုင်ခဲ့သည် ။ ဟုတ်သည်… သူ၏ သိုင်းပညာတဖြည်းဖြည်းနှင့် တိုးတက်လာခဲ့ပြီ မဟုတ်ပါလား..
ရီယွမ်၏ နုလုံးသားထဲတွင် နက်ရှိုင်းစွာ စိုက်ဝင်နေသော သိုင်းဈာန်က အချိန်ကြာလေ ပိုပြီးတော့ လင်းလက်တောက်ပလာခဲ့လေပင် … ထိုသိုင်းဈာန်က တဖြည်းဖြည်း ကြီးမားကျယ်ပြန့်လာခဲ့ကာ သတ္တုသွေးဘော်လုံးများ၏ မှုံဝါးဝါးပုံရိပ်လှိုင်းများနှင့် ဦးတည်ရာလမ်းကြောင်းတိုင်းကို ပိုမိုပြတ်သားထင်ရှားစွာ မြင်နိုင်ခဲ့ပြီ ဖြစ်၏ ။
သူ့ခန္ဓာကိုယ်က ပြင်ပရှိအရာဝတ္ထုများကို ခံစားနိုင်သည့်အထိ ကြီးမားကျယ်ပြန့်လာသည်ဟုထင်ရပြီး နာကျင်ကိုက်ခဲမှုများအားလုံး ချက်ချင်းပျောက်ကွယ်သွားကာ ပိုပြီးတော့ သက်တောင့်သက်သာဖြစ်လာခဲ့သည် ။
ရီယွမ် တစ်ယောက် ဝမ်းသာလုံးဆို့ပြီး အပျော်ကြီးပျော်နေမိသည် ။ သို့သော်.. သူ၏စွမ်းအင်အားလုံးကို အကုန်လုံးထုတ်ဖော်သုံးစွဲလိုက်ပြီဟုလည်း သူနားလည်လိုက်သည် ။
သို့သော် ကံကောင်းထောက်မစွာဖြင့် လင်စန်းတုန်က သူ့ကို အရိုးအမြူတေအများကြီး ပေးထားခဲ့သည် ။ ရီယွမ်က နောက်ထပ်အရိုးအမြူတေတစ်လုံးကို ထပ်စားလိုက်သည် ။
နွေးထွေးသော စွမ်းအင်များက သူ့တစ်ကိုယ်လုံးသို့ ပြန့်နှံ့စီးဆင်းသွားခဲ့သည် ။
မှော်အစီအရင်ထဲသို့ ရီယွမ်ရောက်ရှိနေသည်မှာ နှစ်နာရီကျော်နေပြီ ဖြစ်သည် ။ ကျန့်ပြည်နယ်မှ သိုင်းသမားများကတော့ သူတို့၏ မျက်စိများ မှုန်ဝါးဝါးဖြစ်လာသည့်အထိ ရီယွမ်ကို မလွတ်တမ်းစိုက်ကြည့်နေကြသည် ။
YOU ARE READING
True Martial World (Book9-12)
Fantasyစာအုပ်အမည် - သူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ ဘာသာပြန် - မင်းနန္ဒာ Chapter - (121 -180)