C-136

163 22 1
                                    

အခန်း၁၃၆

"လင်စန်းတုန်၏ မသေချာမှုများ''

သားရိုင်းကောင်အဆင့် သားရဲကြီးများဖြစ်သော်လည်း လူသားများကို အနေအထားတစ်ခုအထိ အန္တာရယ်ပေးနိုင်စွမ်းရှိကြသည် ။  သွေးနီကျောက်တုံး သားရဲကြီးက အရွယ်အစားအလွန်ကြီးမားပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသဖြင့် သူနှင့်ထိပ်တိုက်တွေ့သည့်လူတိုင်း လွတ်လမ်းမမြင်နိုင်ကြပေ.. ထိုကဲ့သို့သော သားရဲကြီးကို မည်သူက မကြောက်ရွံ့ဘဲနေနိုင်မည်နည်း …။

ရီယွမ်ကမူ ၁၂ နှစ်သာ ရှိသေးသည်  ။ သူ့အတွက် ယခုကဲ့သို့ အစွမ်းထက်သော သားရဲကြီးနှင့် ပထမဆုံးအကြိမ် ရင်ဆိုင်တွေ့ဆုံခြင်းပင်…
လင်စန်းတုန်က.. ရီယွမ်ကို အကဲခတ်နေလိုက်၏ ။

အထူးသဖြင့်.. သိုင်းပညာ အစွမ်းထက်သော လူငယ်များအနေဖြင့် သားရဲကြီးများနှင့် ပထမဆုံးအကြိမ် ရင်ဆိုင်မိချိန်တွင်.. ထိုသားရဲကောင်ထက်… သိုင်းပညာစွမ်းထက်မြက်ကြသော်လည်း…သားရဲကောင်ကြီး၏ ကြီးမားသော အရွယ်အစား…ကြောက်ရွံ့ဖွယ်..အသွင်အပြင်များကြောင့် အနည်းနှင့်အများ တိတ်လန့်မိကြမည်မှာ အမှန်ပင်…

ထိုအခါ…ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိသော သေမျိုးများက…အရွယ်အစားကွာဟခြင်းကြောင့်… မိမိတို့က ပိုမိုအားနည်းသည်ဟု ဆက်စပ်တွေးလိုက်ကြပြီး.. သားရဲကောင်လက်မှ လွတ်အောင် ထွက်ပြေးရန်သာ ကြိုးစားကြလေသည် ။

ထို့ပြင် ထိုကဲ့သို့ စိုးရွံ့စိတ်များကြောင့် အမှန်တကယ် တိုက်ပွဲတွင်လည်း.. မိမိတို့၏ စွမ်းရည်ကို အပြည့်အဝ မဖော်ထုတ်နိုင်ကြပေ…  ထိုကဲ့သို့သော လူပေါင်းများစွာကို လင်စန်းတုန်က တွေ့ခဲ့ဖူးပြီ ဖြစ်၏ ။

အချို့သောလူများက မိမိနှင့်အသက်အရွယ်တူ လူများအပေါ်တွင် ဖိနှိပ်အနိုင်ကျင့်လေ့ရှိကြ၏ ။ သို့သော်.. တကယ့် သားရဲကြီးများနှင့်တွေ့သောအခါ သူတို့၏ မျက်နှာများ ပြောင်းလဲသွားတတ်ကြသည် ။ ထိုသူများက ကြောက်ရွံ့ခြင်း၏ ချည်နှောင်ထားသော ကြိုးကို မဖြတ်တောက်နိုင်ကြချေ…..သူတို့တွင် သန်မာအားကောင်းသော နုလုံးသားမရှိကြချေ.. ထို့ကြောင့် ကြီးမားသော ကိစ္စရပ်များကို မည်သို့မှ မစွမ်းဆောင်နိုင်ကြချေ….။

True Martial World (Book9-12)Where stories live. Discover now