C-155

164 21 0
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ
အခန်း ၁၅၅
( အချစ်စံအိမ်.. သို့.. ရုန်ယွမ် )

နှစ်နာရီခန့်ကြာပြီးနောက်တွင် ရီယွမ်က ကျန်းရှောက်ရုန်.. ကျိုးရှောက်ခီနှင့် အခြားနောက်လိုက်များကို ကျင်လုံဝေစစ်တပ်၏ စောင့်ကြည့်လိုက်ပို့မှုဖြင့် သူ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆီသို့ ခေါ်ဆောင်သွားလေတော့သည် ။

ရီယွမ်၏ ကိုယ်ပိုင်နယ်မြေက နတ်ဘုရားမြို့တော်မှ မိုင်တစ်ရာခန့်အကွာတွင် ရှိပြီး အခြေချနေထိုင်ရန်အတွက် အလွန်သင့်လျော်သော နေရာတစ်ခုလည်း ဖြစ်၏ ။

ထိုနယ်မြေသို့ ရောက်ရှိသွားသည်နှင့် လျန်မျိုးနွယ်စု ရွာသားများအကုန်လုံး ဝမ်းသာမြူးတူးသွားခဲ့ကြသည် ။ ရီယွမ်အတွက် အပိုင်စားပေးထားသောနေရာတွင် မြေယာများသာမက ကြီးမားသော စံအိမ်ကြီးတစ်လုံးလည်း တည်ရှိနေပေသည် ။

ကျေးလက်ဒေသများတွင် တစ်မိုင်ဟူသော အကျယ်အဝန်းက သိပ်ပြီး မကြီးမားသော်လည်း အလွန်ကြီးကျယ်ခမ်းနားလှသည်ဟု ထင်ရပေသည် ။

အိမ်လေးများကို အစဉ်လိုက် တန်းစီဆောက်ထားပြီး ကျောက်တုံးနှင့် ရွှံစေးများကို မံပြီးတည်ဆောက်ထားသော ခုံတန်းလျားလေးများနှင့် ရေကန်ငယ်လေးများလည်း ရှိကြကာ ကျန်းနန် နယ်မှ ဥယျာဉ်နှင့်ပင် ခပ်ဆင်ဆင်တူနေလေ၏ ။

ထိုကဲ့သို့ ကြီးမားသော စံအိမ်တော်ကြီးက လူထောင်ပေါင်းများစွာ ကောင်းမွန်စွာနေထိုင်နိုင်ရန်အတွက်ပင် လုံလောက်နေသေးသည် ။

“ အင်း.. နိုင်ငံသူရဲကောင်းဆိုတာ မင်းမှုထမ်းတွေထဲမှာ အဆင့်အနိမ့်ဆုံးအဆင့်ဆိုပေမယ့် အဆင့်တန်းမြင့်မြင့် အဆောင်အယောင်တွေကို ချထားပေးတာပဲ…! ” ရီယွမ်က ပင့်သက်တစ်ချက်ရှိုက်လိုက်မိသည် ။

တိုင်အီနိုင်ငံတော်၏ အကျယ်အဝန်းက တိုင်းတာ၍မရနိုင်အောင် ကျယ်ပြန့်လှသည် ။ များစွာသော မင်းမှုထမ်းများအတွက် အဆောင်အယောင်နှင့် အပိုင်စားရဒေသများကို ချထားပေးသော်လည်း အမွေဆက်ခံခွင့် မရရှိပေ.. ချမ်းသာကြွယ်ဝမှုများကို အမွေဆက်ခံခွင့်ရသော်လည်း ရာထူးနှင့်ဘွဲ့ကိုတော့ အမွေဆက်ခံပိုင်ခွင့်မရှိချေ..

True Martial World (Book9-12)Where stories live. Discover now