C-173

153 24 0
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ
အခန်း ၁၇၃

ထိပ်ပြောင်ကြီးချင်က..
“ အဲဒီလိုပဲ..အားလုံးထဲမှာ အသန်မာဆုံးလူကပဲ ဘုရင် ဖြစ်လိမ့်မယ်..မင်းတို့ရဲ့စွမ်းဆောင်ရည်တွေက မင်းတို့ရဲ့အနာဂတ်ကို ဆုံးဖြတ်ပေးလိမ့်မယ်..အဲဒါကြောင့် မင်းတို့အားလုံးယှဉ်ပြိုင်ကြရလိမ့်မယ်.. ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ယောက်လည်းပဲ အဲဒီနေရာကိုရောက်ဖို့ အခြားသူတွေကို အနိုင်ယူကျော်ဖြတ်လာခဲ့ရတယ်.. ” 

“ လူတစ်သန်းမှာ ပညာရှင်တစ်ယောက်မှ မရှိဘူး... တိုင်အီနတ်ဘုရားမြို့တော်ထဲက ဘယ်လောက်များများ ပညာရှင်ဖြစ်နိုင်မှာမို့လဲ ? မြို့တော်က မင်းတို့ကို အခွင့်အရေးတန်းတူပေးထားတာပဲ..! မင်းတို့အားလုံး ပြိုင်ဘက်ကင်းသိုင်းပညာရှင်တစ်ယောက် ဖြစ်ချင်လား ? အနင်းခံကျောက်တုံးတွေ ဖြစ်ချင်ကြလားဆိုတော့ မင်းတို့အပေါ်ပဲ မူတည်တယ်..! ”

ထိုစကားများကို ကြားလိုက်ရသောအခါ လူငယ်များအားလုံး၏ စိတ်ထဲတွင် ခံစားချက်မျိုးစုံ ရောထွေးသွားကြသလို အန္တာရယ်၏ အငွေ့အသက်ကိုလည်း သူတို့သတိထားမိလိုက်ကြသည် ။ နတ်ဘုရားမြို့တော်တွင် ရရှိနိုင်မည့် အောင်မြင်မှုများနှင့် အထောက်အပံ့များက သူတို့ကိုသွေးဆောင်မြူဆွယ်နေကြသလို အန္တာရယ်များစွာကလည်း လက်တစ်ကမ်းတွင် အသင့်စောင့်ကြိုနေကြသည် ။ မည်သို့ပင်ဖြစ်စေ သူတို့တတ်နိုင်သလောက်တော့ ကြိုးစားပြီး တက်လှမ်းရမည်ပဲ ဖြစ်၏ ။

လူသားများ၏ အလိုက ဘယ်တော့မှ အတောမသတ်နိုင်ကြချေ.. အချို့လူများက ချမ်းသာကြွယ်ဝသော စံအိမ်ကြီးများမှ သိုင်းပညာ အရင်းအမြစ်များ ပေါများကြွယ်ဝသည့်  တိုင်အီနတ်ဘုရားမြို့တော်သို့ ရောက်ရှိလာခဲ့ကြသည် ။ သို့သော်…သူတို့အားလုံး ဖိအားတစ်ခုတည်းအောက်တွင် မျိုးစေ့ချနေခြင်းဖြစ်ကြောင်း သူတို့နားလည်ထားသည် ။

အချို့လူငယ်များက မိသားစုများအတွင်း စွမ်းအင်ကျင့်ကြံရန် အထောက်အကူပစ္စည်းများ ရှားပါးမှုနှင့် ရင်ဆိုင်နေရသလို… အချို့ကလည်း မျိုးရိုးစဉ်ဆက် သမိုင်းပေးတာဝန်ကြီးကို ပခုံးထမ်းထားရည် ။ သူတို့အဘယ်သို့ နောက်ဆုတ်နိုင်ကြမည်နည်း ။ သူတို့အားလုံးအပေါ်သက်ရောက်နေသော ဖိအားများက လျန်ချိန်ယွိ ခံစားခဲ့ရသော ဖိအားထက် မပိုလျှင်တောင် လျော့နည်းလိမ့်မည် မဟုတ်ချေ..

True Martial World (Book9-12)Where stories live. Discover now