Chapter 5

2.4K 311 13
                                    

သူစက်ဘီးပေါ်ရောက်သည့်အခါ ရွှီထန်းချန်က ရိကျယ်၏အမြင်ကိုကွယ်နေမည်စိုးသည့်အတွက် ခေါင်းစွပ်ကိုချွတ်လိုက်လေသည်။

"မဖယ်လိုက်နဲ့ ဆောင်းထား"

ရိကျယ်က သူ့ခေါင်းအထက်မှရုတ်တရက်ပြောလာ၏။

"အေးတယ်လေ အစ်ကို့နားရွက်တွေနီလာလိမ့်မယ်"

ရွှီထန်းချန်သည် လက်နှစ်ဖက်လုံးကိုလက်ကိုင်တန်းပေါ်တင်လိုက်ပြီး သူ့ကိုယ်သူထိန်းရန် ခွန်အားထုတ်လိုက်လေသည်။သူကရှေ့နှင့် ပိုနီးကပ်သွား လေသည်။

"ငါကမင်းရဲ့မြင်ကွင်းကိုကွယ်နေမိလိမ့်မယ်"

"မဟုတ်တာ"

ရိကျယ်ကလျင်မြန်စွာ ပြောလိုက်၏။ထိုသို့ပြောပြီးနောက် သူကရှင်းပြချက်တစ်ခုကိုလည်းထည့်သွင်းလာ၏။

"အစ်ကိုက အဲ့လောက်အရပ်မရှည်ပါဘူး ဦးထုတ်ဆောင်းထားရင်တောင်မှ ကျွန်တော့်ကိုကွယ်မထားနိုင်ဘူး"

ရွှီထန်းချန်သည် သူ့လက်နှစ်ဖက်ကိုအုပ်သွားစေရန် အင်္ကျီကိုဆွဲချလိုက်ပြီး စက်ဘီးရွေ့ရန်စောင့်နေလေသည်။ထိုစကားများကိုကြားလိုက်ရပြီးနောက် သူကစက္ကန့်ပိုင်းမျှ အံ့သြသွား၏။သူ့မျက်လုံးများက အနည်းငယ်ကျယ်လာပြီး ခေါင်းကိုလှည့်လိုက်လေသည်။ရိကျယ်သည် အကြောင်းအရင်းကိုနားမလည်ဘဲ အံ့ဩစွာဖြင့်သူ့ကိုငေးကြည့်နေခဲ့၏။

"မင်းကငါ့ကိုအရပ်ပုတယ်လို့ပြောတာလား?"

ရွှီထန်းချန်ကမျက်မှောင်ကြုတ်ပြီး ခေါင်းကိုစောင်းလျက်မေးလာ၏။

ရိကျယ်မှာနောက်ဆုံးတွင် ရွှီထန်းချန်၏တိတ်ဆိတ်နေမှုကို နားလည်သွားတော့သည်။သူက
လျှာကိုကိုက်လိုက်ပြီး ခေါင်းကိုမြန်မြန်ခါကာအခြေအနေကို ကုစားရန်ကြိုးစားလိုက်၏။

"မပုပါဘူး အစ်ကိုကသာမန်အရပ်ပါပဲ"

'သာမန်အရပ်?'

သူသည် ၁.၈ မီတာသို့ရောက်ခြင်းမရှိဘဲ တကယ်ကိုအရပ်ရှည်သည်ဟု မယူဆနိုင်ပေ။သို့သော် သူကရိကျယ်ကဲ့သို့ အရပ်မြင့်သည့်လူတစ်ယောက်နားတွင် ရပ်နေခြင်းမရှိပါက သူ့အရပ်မှာလုံလောက်နေသေးသည်ဟု ခံစားရ၏။

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now