Chapter 18

1.3K 217 4
                                    

"ငါသိတယ်"

ရွှီထန်းချန်ကပြောလိုက်၏။

သူအဘယ်ကြောင့် ထိုသို့ယုံကြည်ချက်မျိုး ရှိနေသည်လဲ သေချာမပြောနိုင်သော်လည်း ရိကျယ် ဖုန်းပိတ်ထားခြင်းကို သိလိုက်ရချိန်တွင်
ရိကျယ်၏ဖုန်းမှာ ဘက်ထရီကုန်သွားခြင်းသာဖြစ်ပြီး ဖုန်း၏ပိုင်ရှင်က စိတ်အခြေအနေဆိုးနေသောကြောင့် ပြင်ပကမ္ဘာနှင့်ထိတွေ့ဆက်ဆံရခြင်းမှကင်းဝေးစေရန် အဆက်အသွယ်အားလုံးကို ဖျက်တောက်လိုက်ခြင်းမဟုတ်ကြောင်း သူကအသေအချာကိုသိနေလျက်။

သူသည် ရိကျယ်၏ ခန္ဓာကိုယ်ကိုအပေါ်အောက်စုံဆန်ကြည့်ကာ သူ၏လက်ရှိအခြေအနေထပ် ပိုဆိုးသောအရာမရှိကြောင်း အတည်ပြုနေခဲ့လေသည်။ပါးလွှာသော ကျောင်းဝတ်စုံသည် သူ့ခြေထောက်များကိုတွယ်ကပ်နေပြီး သူ့ရင်ဘတ်ပေါ်ရှိနေရာသည်လည်း လုံးဝကိုစိုစွတ်နေကာ သူ့ခန္ဓာကိုယ်ပုံသဏ္ဍာန်ကို ရှင်းရှင်းလင်းလင်း ဖော်ပြနေလေသည်။

ရွှီထန်းချန်သည် မျက်မှောင်ကြုတ်ကာ သူ့ကို အပြစ်တင်ရန် ကြည့်လိုက်ချိန်တွင် သူ့အား ဦးတည်နေသော ထိုလူငယ်လေး၏အကြည့်များတွင် ကွဲပြားသည့်အရာများ ပါဝင်နေသည်ကို သတိပြုလိုက်မိ၏။

နောင်တ၊ ပူပန်မှု... ၎င်းတို့ရှိနေသော်လည်း အလုံးစုံတော့ မဟုတ်သေးပေ။

ချီတုံချတုံမှန်းဆချက်များကြောင့် သူမည်သည်ကိုမှထပ်မပြောနိုင်တော့။

"ကျွန်တော်ထွက်လာတော့ ဘေးတံခါးကနေပြန်လိုက်မိတာ ကျွန်တော်တောင်းပန်ပါတယ်"

"မင်းဘာလို့တောင်းပန်နေတာလဲ?"

အခက်အခဲဖြစ်နေလေသော သူ့မျက်နှာကိုကြည့်ရင်း ရွှီထန်းချန်ကရယ်မောလိုက်၏။

"ပထမဆုံးငါကမင်းကို ကြိုတင်မဆက်သွယ်ခဲ့တာလေ ငါတို့တစ်ယောက်ကိုတစ်ယောက် လွဲသွားတာကပုံမှန်ပါပဲ"

ရိကျယ်က အခုမှသာစက်ဘီးပေါ်ကဆင်းလိုက်၏၊သူပြောလာသည်ကိုကြားလိုက်ရသဖြင့် ရိကျယ်ကနှုတ်ခမ်းကိုကိုက်ပြီး ခေါင်းငုံ့ထားခဲ့၏။ဘရိတ်ကို မြန်ဆန်စွာနှစ်ခါလောက်ဆွဲလိုက်သေးသည်။

An Accident in Broad Daylight || ဘာသာပြန်《Completed》حيث تعيش القصص. اكتشف الآن