Extra 1

2.9K 242 4
                                    

ချီရှီး Extra
______________________

ရိကျယ်သည် ဟိုင်နန်တွင်တုံ့ဆိုင်းနေခဲ့ပြီး တစ်လခွဲကြာပြီးနောက် သူ၏ပညာရေးအကြံပေးက အစီရင်ခံစာတင်ရန်တောင်းဆိုခဲ့သဖြင့် ပေကျင်းသို့ အတင်းအကျပ် ပြန်ဆွဲခေါ်ခြင်းခံခဲ့ရတော့သည်။ သူသည် အစောပိုင်း၌ဘာသာရပ်နှင့်သက်ဆိုင်သောဆရာအနည်းအကျဉ်းကိုသာ အစီရင်ခံစာတင်ရန်လိုအပ်သည်ဟု ထင်ခဲ့သော်လည်း မထင်မှတ်ဘဲ သူတို့သည်အထက်တန်းအဆင့်ပညာရေးအဖွဲ့အစည်းများနှင့် အာကာသလုပ်ငန်းအတွက်ရည်ရွယ်သည့် ဟောပြောပွဲများ ကျင်းပနေကြောင်း သူ့ဆရာက ပြောကြားခဲ့လေတော့သည်။ရိကျယ်၏ ချက်ခြင်းတုံ့ပြန်မှုမှာ ငြင်းဆိုလိုက်ခြင်းဖြစ်သော်လည်း ၎င်းကိုစဉ်းစားပြီးနောက် သူအလွန်လျင်မြန်စွာ သဘောတူလိုက်၏။

ညနေခင်းတွင် သူကရွှီထန်းချန်ကိုထိုအကြောင်းပြောပြခဲ့လေသည်။ဖုန်းခေါ်ဆိုမှု၏ အခြားတစ်ဖက်တွင်ရွှီထန်းချန်က အတော်လေးအံ့ဩသင့်သွားခဲ့လေသည်။

"မင်းဒီလိုမျိုးလုပ်ရတာ မကြိုက်ဘူးမဟုတ်လား?"

ရိကျယ်က လူရာပေါင်းများစွာရှေ့တွင် ပေါ့ပေါ့ပါးပါးနှင့်တည်ငြိမ်အေးဆေးစွာ စကားပြောနေပုံမှာ ရွှီထန်းချန်လုံးဝစိတ်ကူးကြည့်၍မရနိုင်သော မြင်ကွင်းတစ်ခုဖြစ်လေသည်။

"ဟုတ်တယ်..."

ရိကျယ်သည် ရေရွတ်လိုက်ပြီး

"ဒါကမကောင်းတာတော့မဟုတ်ဘူးလေ မကြိုက်ပေမဲ့ ကြိုးစားကြည့်လို့တော့ရပါတယ်"

ရွှီထန်းချန်သည် ကလေးတစ်ယောက်ကြီးပြင်းလာသည်ကိုကြည့်ရှုနေခဲ့ရသည့် ထိုရှုပ်ထွေးသောခံစားချက်ကို ရုတ်တရက်ခံစားလိုက်ရတော့သည်။သူသည်တကယ်တမ်းတွင်တော့ ရိကျယ်ရင့်ကျက်တည်ငြိမ်လာစေရန်နှင့်ပတ်သက်၍ မည်သည့်မျှော်လင့်ချက်မှ မထားခဲ့ပေ။ဤပုဂ္ဂိုလ်သည် အတိတ်၌ဖြစ်ခဲ့သလိုပင်ဖြစ်ပင် ပစ္စုပ္ပန်၌ဖြစ်နေသလိုပင်ဖြစ်စေ ဤအတိုင်းသာမှန်ကန်နေသည်ဟု သူအမြဲတမ်း ခံစားခဲ့ရ၏။

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now