Chapter 37

1.5K 221 33
                                    

ထိုညသည်အလွန်စိတ်အားထက်သန်စွာ စတင်ခဲ့ပြီး ၎င်းတို့၏ဆန္ဒများသည် အချင်းချင်းထိပ်တိုက်တွေ့ကာ ရှက်ကိုးရှက်ကန်းဖြင့်ပေါ်လာခဲ့လေသည်။သို့သော်နောက်ဆုံးတွင်တော့ ဘာတစ်ခုမှထွက်မလာတော့။

သူတို့နှစ်ယောက်၏ အပြင်ဘက်အင်္ကျီများကို ချွတ်လိုက်ကြ၏။အတွင်းဘက်တွင် ရိကျယ်သည် ပါးလွှာသောတီရှပ်အင်္ကျီလက်ရှည်ကို ၀တ်ထားလေသည်။ထို့ကြောင့် ရွှီထန်းချန်ကသူ့ကိုပွေ့ဖက်သည့်အခါ၊သူ့လက်များက ရိကျယ်နောက်ကျောကို ပွတ်သပ်မိသည့်အခါ ခန္ဓာကိုယ်ကိုအနည်းငယ်ကွေးထားရသည့်အတွက် ထွက်နေသောကျောရိုးလေးကို သူခံစားမိလေသည်။

အချစ်ရေးနှင့်ပတ်သက်လာလျှင် ရွှီထန်းချန်၏နားလည်မှုဟာ လက်တွေ့မှာတော့သုညသာ။အတွေ့အကြုံကလည်း ရှိမနေခဲ့။ရွှီထန်းရှီနှင့်အတူ အချစ်ဇာတ်လမ်းရုပ်ရှင်များ ကြည့်ပေးခဲ့သည့်အချိန်များ၌ပင် ၎င်းတို့ထဲရှိအချစ်ဇာတ်လမ်းများ အပေါ် နက်နဲသည့်နားလည်မျိုးရှိမနေခဲ့ပေ။

ဒီဇာတ်ကားဟာ ဘာကြောင့်ဒီလိုဇာတ်သိမ်းရတာလဲ၊ အမျိုးသားနဲ့အမျိုးသမီးဇာတ်ဆောင်များဟာ ဒီများပါးလှတဲ့ ဖိအားတွေအောက်မှာတောင် ဘာကြောင့်ပွေ့ဖက်နေနိုင်ကြတာလဲ၊ သို့မဟုတ် အချင်းချင်း ခံစားချက်များရှိနေကြောင်း ရှင်းရှင်းလင်းလင်းသိနေသည်ကို အဘယ်ကြောင့်လမ်းခွဲကြတာလဲဟုနားမလည်နိုင်သော အချိန်အများအပြားရှိခဲ့သည်ပင်။

အခြားသူများ၏ဇာတ်လမ်းများကို ကြည့်ရှုလေ့လာရခြင်းသည် အခြေခံအားဖြင့် သီအိုရီနှင့်လက်တွေ့ကျသောတန်ဖိုးများ လုံးဝရှိမနေခဲ့ပေ။ရိကျယ်၏ပခုံးပေါ်သို့ သူ့မေးစေ့ကိုတင်လိုက်ချိန်မှသာ အားနည်းသွားခြင်းမရှိဘဲ ထာဝရတည်မြဲနေနိုင်သည့်အရာကိုရုတ်တရက် သဘောပေါက်သွားခဲ့လေသည်။

ထိုအချိန်တွင် အနည်းငယ်မျှသာထွက်နေသော ကျောရိုးလေးသည် ပျော့ပျောင်းသော်လည်း စွဲမက်ဖွယ်ကောင်းကာ ရမ္မက်သွေးကြယ်စေသည့်အရာတစ်ခုဖြစ်လာခဲ့၏။

သူ့လက်ချောင်းများက ခေါက်တုံ့ခေါက်ပြန်ပွတ်သပ်နေ၏။သူ၏နားထဲသို့ ရိုက်ခတ်နေသောအသက်ရှူသံနှင့်အတူ ရိုးရှင်းသောဤလှုပ်ရှားမှုလေးက ရွှီထန်းချန်ကို သူကြာရှည်စွာကတည်းကမခံစားခဲ့ရသော တည်ငြိမ်မှုနှင့်ယုံကြည်စိတ်ချမှုများကို ပေးစွမ်းနေခဲ့လေသည်။

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now