Book Extra

2.4K 189 6
                                    

T/N:ဒီextraက Rusuban Studio ကထုတ်ဝေတဲ့ထိုင်ဝမ်printဗားရှင်းစာအုပ်ကပါ

01

အချိန်မည်မျှကုန်လွန်သွားသည်ဖြစ်စေ ချန်းရွှီသည် သူနှင့်ကျန်းရိခွန်းတို့ပထမဆုံးတွေ့ဆုံခဲ့သည့် မြင်ကွင်းကိုပြန်သတိရမိသောအခါ၌ စိတ်ဆင်းရဲခြင်းနှင့်စိတ်မသက်မသာဖြစ်သည့်ခံစားချက်တို့သည် ထိုနေ့ကကဲ့သို့ရှင်းလင်းနေဆဲ။

ချန်းရွှီသည် လူနှစ်ယောက်ကြား၌ပြတ်သားသောစည်းများရှိနေကြောင်း အမြဲခံစားခဲ့ရ၏။ထိုစဉ်က သူသည်ကုန်စုံဆိုင်သို့ စျေးဝယ်ရန်သွားသောအခါ ဖက်ရှင်ကျကျ၀တ်စားထားသောယောက်ျားလေးများနှင့်မိန်းကလေးများသည် ငွေရှင်းကောင်တာဘေးတွင်ရပ်နေခဲ့ချိန်ကလိုပင်။

သူတို့သည် အုပ်စုဖွဲ့ရပ်နေရင်းစကားစမြည်ပြောကာ ရယ်မောနေကြရုံသာဖြစ်ပြီး ချန်းရွှီကိုတစ်ချက်မျှ ပင်မကြည့်ခဲ့သော်လည်း ငွေရှင်းနေသည့်ချန်းရွှီမှာတော့ပျာယာခတ်နေ၏။သူသည် မသိစိတ်မှ သူ့နှင့်အလွန်ကွဲပြားသောသူများနှင့်အကွာအဝေးတစ်ခုကို အမြဲတမ်းထိန်းထားတတ်ပြီး ၎င်းတို့နှင့်သာသက်ဆိုင်သည့်စိတ်လှုပ်ရှားမှုနှင့်ပျော်ရွှင်မှုများ ပြည့်နှက်နေသည့် ကမ္ဘာကြီးကိုပင်ကြောက်ရွံ့နေခဲ့လေသည်။

ကျန်းရိခွန်းနှင့်ပထမဆုံးတွေ့ဆုံခဲ့စဉ်က ခံစားချက်မှာလည်းထိုကဲ့သို့သာ။ကျန်းရိခွန်းကသူ့ကိုဝင်တိုက်ခဲ့ပြီး သူ့အားစက်ဘီးပေါ်မှလဲကျသွားစေခဲ့သော်လည်း သူ၏ချက်ချင်းတုံ့ပြန်မှုမှာကိုယ်ကိုကွေးညွတ်ကာ "တောင်းပန်ပါတယ်"ဟုပြောလိုက်ခြင်းသာ။ဘာမှပြန်မပြောဘဲ သူ့ရှေ့မှလူကနောက်သို့အနည်းငယ်ဆုတ်ကာ ခေါင်းကိုစောင်းရင်းသူ့ကိုကြည့်လာခဲ့၏။

ချန်းရွှီ၏မျက်နှာကနီးမြန်းလာမှသာ တစ်ဖက်လူကနောက်သို့တွန့်ကာပြောလာ၏။

"ခဏလေး သူငယ်ချင်းလေး ငါကသာကိုယ်သွားမယ့်နေရာကိုမကြည့်မိဘဲ ရုတ်တရက်လမ်းကြောင်းပြောင်းလိုက်ပြီး မင်းကိုတိုက်မိသွားတဲ့သူပါ မင်းကဘာလို့တောင်းပန်နေတာလဲ ဟင်?"

ခေါင်းကိုငုံ့ထားရင်း ချန်းရွှီမှာမဖြေမထွက်ပေ။ သူသည်တစ်ဖက်လူ၏ ဘောင်းဘီပေါ်ရှိအလွန်ထင်ရှားနေသော ဘီးရာအမှတ်အသားကိုကြည့်ပြီးအသံသေးသေးလေးဖြင့် ထပ်ပြောလိုက်ပြန်၏။

An Accident in Broad Daylight || ဘာသာပြန်《Completed》Tahanan ng mga kuwento. Tumuklas ngayon