Chapter 45

1.2K 178 7
                                    

နေရာငှါးသည့်ကိစ္စမှာ မပြေလည်ခဲ့ပေ။ကျောင်းဝင်းအနီးတွင် ရနိုင်သောနေရာများစွာမရှိခဲ့။အနီးနားရှိရနိုင်သောနေရာများကလည်း အလွန်စျေးကြီးကာ အလွန်ဝေးလှသည့်နေရာများကလည်း အဆက်မပြေပေ။လအနည်းငယ်ကြာသွားသည့်တိုင် သူတို့ကြိုက်နှစ်သက်သည့်နေရာတစ်ခုကို ရှာမတွေ့ခဲ့ချေ။

ရွှီထန်းချန်နှင့်ယှဉ်လျှင် ရိကျယ်ကအားလပ်ချိန်ပိုရသဖြင့် အချိန်အများစု၌တိုက်ခန်းများသွားကြည့်ရန်သွားရသူမှာ သူပင်။ကျန်းရိခွန်းသည်လည်း ထိုကိစ္စကိုအလွန်ပူပန်နေပြီး သူအားသည့်အချိန်တိုင်းရောက်လာတတ်လေသည်။

ထိုအချိန်တွင် ရိကျယ်သည်ကားမောင်းသင်တန်းတက်နေခဲ့ပြီး အမြဲတမ်းHaidianခရိုင်၏မြောက်ဘက်စွန်းသို့သွားရန် နှစ်နာရီနီးပါးအချိန်ယူခဲ့ရလေသည်။ရွှီထန်းချန်ကသူသည် အားလပ်ရက်၌ပင်အနားယူရန်အချိန်မရှိသည်ကိုသိသွားပြီး သူပင်ပန်းမည်ကိုစိုးရိမ်သဖြင့် အလျင်စလိုမလုပ်ရန်အကြံပြုခဲ့လေသည်။

နေရာတစ်ခုကိုရှာတွေ့နိုင်ပါက ကောင်းပေလိမ့်မည်။မတွေ့ပါက သူတို့ထိုအကြံကိုစွန့်လွှတ်ရပေမည်။သို့သော်ရိကျယ်က ထမင်းလုတ်ကြီးနှစ်လုတ်အား ပါးစပ်ထဲထည့်လိုက်ရင်း ပြောလာ၏။

"ကျွန်တော်နေရာရှာလိုက်မယ်"

ထိုကိစ္စမှာ နှောင့်နှေး၍မရပေ။တိုးတက်မှုမရှိခဲ့လျှင်ပင် ဆက်လက်၍ကြိုးစားနေရမည်ဖြစ်လေသည်။

သို့ပေမယ့်လည်းအဆုံးတွင် အချိန်အတော်ကြာအောင်သူကြိုးစားခဲ့သော်လည်း နေရာမငှါးနိုင်သေးပေ။ထိုအရာမှလွဲ၍ တခြားအကြောင်းပြချက်မရှိပေ—အိမ်များတွင်ကျူတာအဖြစ် တစ်နှစ်လုပ်ပြီးနောက် ရိကျယ်သည်ထိုဝင်ငွေကောင်းသည့် အလုပ်မှနှုတ်ထွက်ခဲ့ပြီး သူ့၏အကြီးမားဆုံး၀င်ငွေအရင်းအမြစ်ကို ဆုံးရှုံးသွားခဲ့ရတော့သည်။ငှါးရမ်းခပမာဏကိုထည့်သွင်းစဉ်းစားရန်မှာ ပို၍ပင်အရေးကြီးသောအချက်တစ်ခု ဖြစ်လာခဲ့တော့သည်။

ကျောင်းစာများ၊ဗဟုသုတများဖြင့်သာ ပြည့်နှက်နေသော ထိုအိပ်ခန်းကိုသူနောက်ဆုံးသွားစဉ်က ကောင်လေးသည်စားပွဲပေါ်တွင် လှဲလျောင်းရင်း အိပ်ဆောင်ကက်ဆက်ကိုနားထောင်နေခဲ့လေသည်။အိပ်ဆောင်ကက်ဆက်သည် ဟောင်းနွမ်းနေပြီဖြစ်ပြီး ထောင့်စွန်းတွင်ပွန်းပဲ့နေသောဆေးသားသည် ဤချမ်းသာကြွယ်ဝသောအိမ်၌ရှိနေသောပရိဘောဂများနှင့် လုံးဝကိုမတူပေ။

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now