ရိကျယ်ကအလျင်လိုလေ ကိုးရိုးကားရားအချိန်တွင်အိမ်သို့ပြန်ရောက်ခဲ့လေတော့သည်။သူကတံခါးကိုဂရုတစိုက်ဖွင့်လိုက်လေသည်။ထို့နောက် အသံမထွက်အောင် အစွမ်းကုန်ကြိုးစားကာတံခါးကို ပိတ်လိုက်လေသည်။နောက်ဆုံးတွင် သူသည် တိုက်ခန်းထဲသို့ ဝင်လာခဲ့တော့သည်။အိပ်ခန်းတံခါးက ပိတ်ထားလေသည်။ရိကျယ်ကခဏလောက်စဉ်းစားပြီးနောက် အဆုံးတွင်ရွှီထန်းချန်အားတစ်ချက်မျှ ကြည့်လိုသဖြင့် တံခါးကိုအသာအယာတွန်းဖွင့်လိုက်၏။
အိပ်ပျော်နေသည့်သူကို နှိုးမိသွားမည်အားကြောက်ရွံ့သဖြင့် မဝင်ရဲဘဲတံခါးနားတွင်ရပ်လိုက်လေသည်။သို့သော်တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ကုတင်ပေါ်မှလူကလှည့်လာပြီး သူ့အားတိုးတိုးလေးခေါ်လာ၏။
ဆူညံသံကြောင့် သူနိုးလာတာလား? ဒါမှမဟုတ် သူ အိပ်မပျော်တာလား?
ရိကျယ်က အခန်းထဲသို့အမြန်လျှောက်ဝင်သွားလေသည်။သူကရွှီထန်းချန်ပြောလာသည်ကို ကြားလိုက်ရ၏။
"နောက်ဆုံးတော့မင်းပြန်လာပြီ အမြန်အိပ်ယာထဲကိုလာတော့"
"Mn"
ရိကျယ်က သူ့လက်မောင်းကိုကုတင်ပေါ်တင်လိုက်ပြီး သူ့အနားကိုငုံ့ကြည့်လာ၏။ထို့နောက်တိုးတိုးလေးပြောလိုက်လေသည်။
"ကျွန်တော်အရင်ရေချိုးလိုက်မယ်"
ထိန်းချုပ်ခန်းမှာ သတ္တုနံ့များစိမ့်ဝင်နေ၏။ထိုနေရာ၌အကြာကြီးနေခဲ့ပြီးနောက် ရိကျယ်သည်သူ့ခန္ဓာကိုယ်က အနံ့အသက်များစွဲနေမည်ကို ကြောက်ရွံ့မိလေသည်။
"မချိုးနဲ့"
ယခုအချိန်တွင်ရွှီထန်းချန်သည် သန့်ရှင်းမှုနှင့် ပတ်သက်၍ ရေးကြီးခွင်ကျယ်လုပ်မနေတော့။သူကရိကျယ်၏လက်ကောက်ဝတ်ကို ဆုတ်ကိုင်ထားပြီး ထွက်သွားခွင့်မပေးပေ။
"ဘယ်အချိန်ရှိနေပြီလဲ မြန်မြန်လာပြီးအိပ်တော့
ဘယ်လိုပဲဖြစ်ဖြစ် အိပ်ယာခင်းတွေကလဲရတော့မှာ မနက်ဖြန်လျှော်လိုက်မယ်"ထိုစကားကြောင့် ရိကျယ်သည်မျက်နှာသစ်ရန်သာ သွားလိုက်လေသည်။
YOU ARE READING
An Accident in Broad Daylight || ဘာသာပြန်《Completed》
RomanceTittle: 白日事故 [Bai Ri Shi Gu] Author: Gao Tai Shu Se(高台树色) English Translator: Chai Translations Chapters: 65 chapters+ 2 extra ❝𝙒𝙝𝙚𝙣 𝙝𝙚 𝙨𝙢𝙞𝙡𝙚𝙙 𝙖𝙩 𝙝𝙞𝙢, 𝙚𝙫𝙚𝙣 𝙩𝙝𝙚 𝙙𝙧𝙚𝙖𝙢 𝙙𝙖𝙯𝙯𝙡𝙚𝙙❞ *I got permission from the English tra...