သူတို့ဟာ ယခင်ကလိုပင်လမ်းကျဉ်းလေးမှပြန်သွားခဲ့ကြ၏။အပူချိန်သိသိသာသာကျဆင်းသွားပြီး လေအေးများကလည်း လမ်းသွားလမ်းလာများကို ဖယ်ရှားပစ်ခဲ့ခြင်းကြောင့် လမ်းကိုပို၍ တိတ်ဆိတ်သွားစေခဲ့လေသည်။မြေပြင်ပေါ်တွင် အရိပ်နှစ်ခုသည် တူညီသောအရှိန်ဖြင့်ရှေ့တိုးလာကြကာ မကြာခဏဆိုသလိုပင် သစ်ပင်များ၏အရိပ်ဖြင့် ထိပ်တိုက်တွေ့တတ်လေသည်။
ရွှီထန်းချန်ကခေါင်းငုံ့ပြီး ခဏလောက်စိုက်ကြည့်နေလေ၏။ထို့နောက်မထိန်းနိုင်တော့ဘဲ အိတ်ကပ်အတွင်းမှစီးကရက်တစ်လိပ်ကိုရှာဖွေကာ မီးညှိလိုက်တော့သည်။
"အစ်ကိုကကျွန်တော့်ကိုကျ ဆေးလိပ်မသောက်ခိုင်းပဲ အစ်ကိုကိုယ်တိုင်ကျသောက်နေတယ်"
သူ့ဘေးရှိလူက ရုတ်တရက်တိုးတိုးလေးငြီးတွားလိုက်၏။သူ့လေသံထဲ၌ အပြစ်တင်စကားအရိပ်အမြွက်များပါနေသော်လည်း စကားပြောနေစဉ်အတွင်းသူသည် ရွှီထန်းချန်၏အခြားဘေးဘက်သို့ သွားလိုက်လေသည်။
တစ်ချိန်တည်းမှာပင်လေသည် ထင်ရှားစွာတိုက်ခတ်ခြင်းမရှိတော့။
ခဏရပ်ပြီးနောက် ရွှီထန်းချန်သည်ဆေးလိပ်ကိုမီးညှိလိုက်၏။သူကခေါင်းကိုလှည့်ရင်း စူးစမ်းစွာမေးလိုက်လေသည်။
"ဘယ်တုန်းကမင်းဆေးလိပ်သောက်တာကို ငါတားဖူးလို့လဲ?"
"ဘိလိယက်ခန်းမမှာ"
ဘိလိယက်ခန်းမ?
ထိုစကားစုကိုကြားပြီးနောက် ရွှီထန်းချန်ပထမဆုံးတွေးမိသည်က သူ့အားအလွန်ကြောက်လန့်သွားစေသည့် အုပ်စုဖွဲ့ရန်ဖြစ်ခြင်းပင်။ထိုမြင်ကွင်း၏ ထိတ်လန်မှုနှင့်ကြောက်ရွံ့မှုက ပြင်းထန်လွန်းသွားသည်ကြောင့် ဖြစ်နိုင်လေသည်၊ထိုမတိုင်မီကအဖြစ်အပျက်များကို ပြန်တွေးရန်ကြိုးစားကြည့်သောအခါ ဗလာသပ်သပ်မျှသာ။
"ငါမင်းကိုပြောခဲ့ဖူးလို့လား?"
သူကမေးလိုက်၏။
"အစ်ကိုက တိုက်ရိုက်တော့မပြောဘူးလေ"
ရိကျယ်ကခဏစဉ်းစားပြီးနောက် ပြန်ပြင်ပြောလာ၏။
YOU ARE READING
An Accident in Broad Daylight || ဘာသာပြန်《Completed》
RomanceTittle: 白日事故 [Bai Ri Shi Gu] Author: Gao Tai Shu Se(高台树色) English Translator: Chai Translations Chapters: 65 chapters+ 2 extra ❝𝙒𝙝𝙚𝙣 𝙝𝙚 𝙨𝙢𝙞𝙡𝙚𝙙 𝙖𝙩 𝙝𝙞𝙢, 𝙚𝙫𝙚𝙣 𝙩𝙝𝙚 𝙙𝙧𝙚𝙖𝙢 𝙙𝙖𝙯𝙯𝙡𝙚𝙙❞ *I got permission from the English tra...