Chapter 34

1.2K 232 24
                                    

ရိရွှမ်မှာ အရာရာကိုကြိုမြင်ပြီး သူ့အပေါ်အမှားလုပ်မိသူတိုင်းအား ခွင့်လွှတ်ပေးထားခဲ့သလိုမျိုးသဘောထားကြီးသောလေသံဖြင့်။

ရွှီထန်းချန်သည် သူ့လက်ချောင်းများအေးစက်လာသည်ကို ခံစားလိုက်ရ၏။

သူကထိုစကားများကို စဉ်းစားနေခဲ့လေသည်။အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင်သူကမော့ကြည့်လိုက်ပြီး သူ့လက်များကမီးဖိုချောင် ဘုတ်ကို ထောက်ထားရ၏။သူကရိရွှမ်၏ မျက်လုံးများကိုတည်ငြိမ်သောအကြည့်ဖြင့် ကြည့်ကာ ဖြည်းညှင်းစွာ မေးလိုက်၏။

"အဲ့တာ မင်းထင်နေတဲ့ဟာလား?"

"ဘာလဲ?"

ရိရွှမ်ကနားမလည်ပေ။

"သူအန်တီရှန်းကို ရွေးချယ်ရတဲ့အကြောင်းအရင်းက အဲ့အချိန်တုန်းကအန်တီရှန်းက ပိုချမ်းသာလို့
ဆိုပြီး မင်းထင်နေတာလား?"

သူကလက်ရှိတွင်တည်ငြိမ်နေသော်လည်း ရိရွှမ်၏စကားကိုထပ်ပြောရသည့်အခါ သူ့အသက်ရှူသံများကပင် တုန်လှုပ်နေခဲ့လေသည်။သတိမထားမိဘဲ အောက်နှုတ်ခမ်းကို ကိုက်လိုက်မိ၏။နှုတ်ခမ်းများ ခြောက်သွေ့နေသည့်နေရာ၌ အကွက်လေးများရှိနေကာ သူသွားဖြင့်ဖိကိုက်လိုက်ချိန်၌ အရေပြားမှာပေါက်ပြဲသွားရ၏။

"မဟုတ်ရင် ဘာလဲ? တခြားဘာဖြစ်နိုင်မှာတဲ့လဲ?"

သေမျိုးတို့၏လောကသည် ကိုးရိုးကားယားနိုင်လှပြီး ဟာသနှောနေလျှင်ပင် အလွန်လေးလံလှသည့် အလွမ်းဇာတ်လမ်းတစ်ပုဒ်လို။

ရိကျယ်အမြဲ လွမ်းဆွတ်နေခဲ့ရသော ထိုညီဖြစ်သူက ရိကျယ်ကို ဤကဲ့သို့တွေးတောနေလိမ့်မည်ဟု ရွှီထန်းချန်မထင်ထားခဲ့မိပေ။ရိရွှမ်၏ အရှိကိုအရှိအတိုင်းပြောနေသလိုလေသံက သူ့ကိုရုတ်တရက် သဘောထားသေးသိမ် သွားစေခဲ့လေသည်။

ညီအကိုနှစ်ယောက် ကွဲကွာသွားသည်မှာကြာမြင့်ခဲ့ပြီး အတူတူနေခဲ့ရသည့်အချိန်များက တိုတောင်းလွန်းသဖြင့် တစ်ယောက်နှင့်တစ်ယောက် ကောင်းကောင်းနားမလည်နိုင်ခဲ့သည်ကို သူနားလည်ပေးနိုင်သော်လည်း အသရေပျက်အောင်မဟုတ်မမှန်လုပ်ကြံပြောဆိုထားလုနီးပါးဖြစ်နေသော ဤနားလည်မှုလွဲခြင်းကိုတော့ သူခွင့်မလွှတ်နိုင်ပေ။

An Accident in Broad Daylight || ဘာသာပြန်《Completed》Nơi câu chuyện tồn tại. Hãy khám phá bây giờ