Chapter 27

1.2K 198 7
                                    

27

ရိကျယ် မည်မျှလောက် မမျှော်လင့်ထားသည်ဖြစ်စေ သို့မဟုတ် ရွှီထန်းချန် မည်မျှလောက်ဆန္ဒမရှိသည်ဖြစ်စေ အပ်က ချက်ချင်းဝင်သွားခဲ့၏။ရိကျယ်က စိတ်မသက်မသာနှင့်၎င်းကို ကြည့်နေခဲ့ရပြီးနောက် ကုတင်ပေါ်မှလူကို သတိထားကာ ချောင်းကြည့်လိုက်၏။သို့သော် ဆေးထိုးပြီးနောက်
ရွှီထန်းချန်၏မျက်ခွံများ ကျဆင်းသွားပြီး
နောက်ထပ် ပင့်တင်လာခြင်းမရှိသည်ကို သူမြင်လိုက်ရ၏။

"အစ်ကိုထန်းချန်...."

သူကခေါ်လိုက်၏။ထို့နောက် ပြောလာခဲ့လေသည်။

"အစ်ကိုဆေးထိုးရမယ်လို့ ဆရာဝန်ကပြောတာ ဆေးထိုးပြီးရင် အများကြီးပိုကောင်းလာမှာတဲ့"

ရိကျယ်က စကားပြောနေစဉ်၌ ငုံထိုင်နေကာ ရွှီထန်းချန်၏ရှေ့ဘက်သို့ နီးကပ်စွာရွှေ့လာခဲ့၏။သူ့အသံကညင်သာနေကာ အလွန်နူးညံ့လွန်းသဖြင့် တစ်ဖက်လူအား ချော့မော့နေသည်ဟုပင်
ထင်ရလေသည်။

သူသည် ရွှီထန်းချန်ခိုင်းသည့်အတိုင်းမလုပ်ခဲ့ဘဲ ထိုသူ့ဘက်မှရပ်တည်ပေးရန် ပျက်ကွက်ခဲ့လေသည်။အကြင်သူ၏တောင်းဆိုချက်မှာ ယုတ္တိမရှိသော်လည်း ရိကျယ်က ရှင်းပြနေချိန်၌ အပြစ်ရှိနေသလို ခံစားနေရဆဲ။

ကုတင်ပေါ်ရှိလူက ကြားသည်လား၊မကြားသည်လားဆိုသည်ကို သူမပြောနိုင်ပေ။မည်သို့ပင်ဖြစ်စေ ထိုသူက မျက်လုံးများကိုမှိတ်ထားပြီးသူ့အား လျစ်လျူရှုထားခဲ့လေသည်။

"ကျွန်တော်မှားပါတယ်...."

ထိုအချိန်တွင် သူနာပြုက တံခါးကိုတွန်းဖွင့်ပြီး ဝင်လာကာ သူ၏ပူပန်ကာတုန်လှုပ်နေသောနောင်တများကို နှောင့်ယှက်လိုက်၏။တွန်းလှည်းပေါ်တွင် အကြောဆေးသွင်းရန်အတွက် လိုအပ်သောပစ္စည်းများပါလာကာ ယခင်ကယူလာသောပစ္စည်းများထက် ပိုမိုကြီးမားသည်ကိုမြင်တွေ့လိုက်ရ၏။

ရိကျယ်က သူ့နှလုံးသားများပင် နာကျင်လာသလို ခံစားလိုက်ရ၏။ရွှီထန်းချန်မှာ ဆေးထိုးရုံဖြင့် ယခုကဲ့သို့အခြေအနေသို့ ရောက်နေပြီဖြစ်၏။အကြောဆေးသွင်းခြင်းကို မည်သို့ကိုင်တွယ်နိုင်ပါမည်လဲ?

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now