Chapter 46

1K 179 4
                                    

ဖုန်းခေါ်ဆိုမှုတွင်ချန်းရွှီသည် လုံးဝထိန်းချုပ်နိုင်စွမ်းမရှိသော အခြေအနေတွင်ရှိနေခဲ့လေသည်။သူသည် စကားအနည်းငယ်သာပြောသော်လည်း ရှိုက်သံများဖြင့်ရောထွေးနေကာ ရွှီထန်းချန်ကသူ့ကိုလုံးဝ ရှင်းရှင်းလင်းလင်းမကြားရပေ။ သူသည် အသုံးဝင်သောအချက်အလက်ကို မရရှိခဲ့ဘဲ အကြိမ်ကြိမ်ဖုန်းပြန်ခေါ်သောအခါတွင်လည်း မည်သူကမျှ ကိုင်ခြင်းမရှိခဲ့ပေ။

"သူ့ပတ်ဝန်းကျင်ကအသံတွေက အရမ်းဆူညံနေပြီး သီချင်းသံကအရမ်းကျယ်နေတယ်"

ရွှီထန်းချန်သည် ထိုးထွင်းသိမြင်မှုကိုအခြေခံ၍ မှန်းဆခဲ့လေသည်။

"သူမူးနေတာ ကလပ်မှာပဲဖြစ်ရမယ်"

သို့သော် ပေကျင်း၌ကလပ်များက အများအပြားရှိနေခဲ့လေသည်။ ချန်းရွှီရှိနေတာကဘယ်ကလပ်ဖြစ်နိုင်လဲ?

မနက်သုံးနာရီပင်။သူတို့နှစ်ဦးသည် သဲလွန်စတစ်ခုမျှမရှာနိုင်ဘဲ ပေကျင်းမြို့၏လမ်းမများပေါ်တွင်မောင်းနှင်လာခဲ့ကြလေသည်။ရွှီထန်းချန်က ချန်းရွှီပြိုလဲသွားရသည့် တစ်ခုတည်းသောအကြောင်းအရာမှာ ဖူသိုက်ချင်းဖြစ်သည်ဟုမှန်းဆခဲ့မိသော်လည်း သူသည်ထိုလူနှင့်အမှန်တကယ်မသိကျွမ်းသည့်အပြင် သူ့ကိုဆက်သွယ်ရန်လည်းနည်းလမ်းမရှိခဲ့ပေ။

ချန်းရွှီနှင့်ရင်းနှီးပြီး ချန်းရွှီယခုဘယ်မှာရှိနေကြောင်းသိမည့်တစ်စုံတစ်ယောက်လေးကိုမျှပင်—သူမတွေးမိကြောင်း—နားလည်သွားရတော့သည်။

သူချန်းရွှီကိုဆက်သွယ်၍မရသဖြင့် သူတို့ကံကိုသာစမ်းသပ်ပြီး လှည့်ပတ်ရှာဖွေနေရတော့သည်။

"အခုလောလောဆယ် အလုပ်သမားအားကစားရုံဘက်ကိုမောင်းလိုက် အဲဒီမှာကလပ်တွေအများကြီးရှိတယ်"

သူ့မျက်ခုံးများက တွန့်ချိုးနေ၏။ရွှီထန်းချန်သည် သူ့ဖုန်းထဲမှအဆက်အသွယ်စာရင်းကို ဖွင့်လိုက်ပြီး မကြာခဏကလပ်များသွားလေ့ရှိသည့် သူ့သူငယ်ချင်းများကိုမေးရန် အသင့်ဖြစ်နေလေပြီ။

"ကျန်းရိခွန်းကို မေးလိုက်"

ရိကျယ်ကကားမောင်းနေရင်း ရုတ်တရက်ပြောလာ၏။

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now