Chapter 48

1.1K 182 1
                                    

ဖူသိုက်ချင်း၏မင်္ဂလာပွဲသည် အထစ်အငေါ့မရှိဘဲ စီစဉ်ထားသည့်အတိုင်း ဆက်သွားခဲ့လေသည်။

ရွှီထန်းချန်သည် မင်္ဂလာပွဲကျင်းပမည့်အချိန်ကို အတိအကျမသိရသေးသော်လည်း တစ်ညတွင် အဆောင်သို့ပြန်ရောက်သောအခါ ချန်းရွှီသည် သူ့မိသားစုနှင့်ဖုန်းပြောနေသည်ကို ကြားလိုက်ရလေသည်။

"ကျွန်တော်တကယ်ပြန်မလာနိုင်ဘူး ကျွန်တော်တို့ ထွက်ခွာမယ့်ရက်က သဘက်ခါလေ"

လက်ပ်တော့၏ touchpad တွင် လက်တစ်ဖက်က ခဏမျှရပ်တန့်နေ၏။ခဏအကြာတွင်၊ ၎င်းသည် အသံတိတ်ဖြင့်ဗီဒီယိုကိုဖွင့်ရန် နှိပ်လိုက်လေသည်။  ရွှီထန်းချန်သည် ထိုဘက်သို့လှမ်းကြည့်လိုက်၏။  အံ့ဩစရာကောင်းသည်မှာ ၎င်းဟာအရင်ကလို
ဟောပြောပို့ချချက်တစ်ခုသာ။

၎င်းသည်လွန်ခဲ့သောနှစ်လအတွင်း ပဉ္စမမြောက်တစ်ခုဖြစ်လေသည်။

သူ့အကြည့်က စာအုပ်စင်ဆီသို့ရွေ့သွားလေသည်။ စာအုပ်နှစ်တန်းကိုထိုနေရာတွင် သပ်သပ်ရပ်ရပ် တန်းစီထားပြီး ၎င်းတို့ထဲမှတစ်ဝက်သည် လွန်ခဲ့သည့် နှစ်လကမှအသစ်ထပ်ထည့်ထားခြင်းပင်။ စင်၏တစ်ဖက်တွင် ရှားစောင်းပင်အိုးကြီးတစ်လုံးရှိလေသည်။အလွန်ကြည့်ကောင်းသည့်ပုံမပေါ်ဘဲ ချည့်နဲ့နေပုံရလေသည်။၎င်းကိုမကြာသေးမီကချန်းရွှီငှက်ဈေးမှ ယူဆောင်လာခဲ့ခြင်းပင်။

သူသည် လွန်ခဲ့သောနှစ်လတာလုံးအလုပ်များနေပုံရလေသည်။

ဖုန်းခေါ်ဆိုမှုပြီးဆုံးချိန်၌ ဗီဒီယို၏သုံးပုံတစ်ပုံသည် ဖွင့်ပြီးဖြစ်လေသည်။အဆုံးမှာတော့ ချန်းရွှီက ခပ်တိုးတိုးရယ်လိုက်ပြီး ပြောလာ၏။

"ဒါဆို အပိုစာအိတ်နီတစ်အိတ်ယူသွားပြီး ကျွန်တော်ပေးတယ်လို့ပြောလိုက်ပါ"

ယခင်ကလိုပင် တိုးတိုးလေးပြောလာခြင်း။

အလွန်လျင်မြန်စွာ၊ အခန်းတွင်းမှဆူညံသံသည် အမေရိကန်အင်္ဂလိပ်စကားကို အရှိန်အဟုန်ဖြင့် ပြောနေသည့် အသံဖြစ်လာတော့သည်။ဖုန်းခေါ်ဆိုမှု က ပြီးဆုံးသွားခဲ့လေပြီ။

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now