ရိကျယ်က ရွှီထန်းချန်သည်အဘယ်ကြောင့် ရက်ကို ရုတ်တရက်ပြောလာသည်လဲ မသိသော်လည်း နောက်တစ်နေ့သူနိုးလာပြီး မက်ဆေ့ချ်ကို မြင်သည်နှင့် ချက်ချင်းပြန်ဖြေလိုက်၏။
'ကောင်းပါပြီ'
ရွှီထန်းချန်သည် ညစာစားချိန်တွင် ဓာတ်ခွဲခန်းမှ ထွက်လာခဲ့လေသည်။ဓာတ်လှေကားတံခါးကပွင့်လာပြီး အပြင်မှပြန်လာသော ယွီအန်းကိုဝင်တိုက်လိုက်မိတော့၏။
"အိုး အပြင်ထွက်စားမလို့လား?"
ယွီအန်းသည် ဓာတ်လှေကားမှထွက်ကာ သူ့ကိုလှမ်းခေါ်လာ၏။
"ငါတစ်ခုခုယူဖို့ပြန်လာတာ ငါ့ကိုခဏစောင့်"
"Sorry"
ရွှီထန်းချန်သည် လက်တစ်ဖက်ကိုအိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး ခေါင်းယမ်းပြလိုက်၏။သူကဆင်းရန်ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်လေသည်။
"ကျွန်တော် အပြင်သွားမလို့"
"ဒီညမပြန်ဘူးလား?"
ယွီအန်းက အတော်လေးသိချင်နေခဲ့လေသည်။
"ဟုတ်တယ်"
ရွှီထန်းချန်က ခေါင်းညိတ်ပြလိုက်၏။ယွီအန်းက ထပ်မေးတော့မည်ကိုမြင်လျှင် သူကချက်ချင်းရှင်းပြလိုက်၏။
"ကျွန်တော်လျှောက်လည်မလို့"
ထိုအချိန်၌ ဓာတ်လှေကားကရောက်လာတော့သည်။ထိုသို့အကျဉ်းချုပ်ရှင်းပြပြီးနောက် ရွှီထန်းချန်သည်ယွီအန်းအား လက်ပြနှုတ်ဆက်ခဲ့လေသည်။အောက်ထပ်ရောက်နေပြီးဖြစ်ပြီး ရိကျယ်က အမှတ် 21 အဆောက်အဦဘေး၌ milk teaဆိုင်အသစ်တစ်ခုကို တွေ့ကြောင်းနှင့် ရွှီထန်းချန်milk teaသောက်ချင်လားဟု မက်ဆေ့ချ်ပို့လာခဲ့၏။
ရွှီထန်းချန်သည် ဓာတ်လှေကားထဲတွင်ရပ်နေစဉ် မက်ဆေ့ခ်ျကိုဖတ်လိုက်မိပြီး ပြန်ဖြေတော့မည်အချိန်တွင် အောက်ထပ်သို့ဆင်းသည့်ခလုတ်ကိုမနှိပ်ရသေးကြောင်း ရုတ်တရက်သတိရသွားတော့သည်။
သူမော့ကြည့်လိုက်မိ၏။ဓာတ်လှေကားတံခါးက တဖြည်းဖြည်း ပိတ်သွားတော့သည်။ယွီအန်းသည် ထိုနေရာတွင်ရပ်နေဆဲဖြစ်သည်ကို သူအံ့ဩသင့်စွာတွေ့လိုက်ရ၏။ထိုသူသည် ထွက်မသွားသေးပေ။
YOU ARE READING
An Accident in Broad Daylight || ဘာသာပြန်《Completed》
RomanceTittle: 白日事故 [Bai Ri Shi Gu] Author: Gao Tai Shu Se(高台树色) English Translator: Chai Translations Chapters: 65 chapters+ 2 extra ❝𝙒𝙝𝙚𝙣 𝙝𝙚 𝙨𝙢𝙞𝙡𝙚𝙙 𝙖𝙩 𝙝𝙞𝙢, 𝙚𝙫𝙚𝙣 𝙩𝙝𝙚 𝙙𝙧𝙚𝙖𝙢 𝙙𝙖𝙯𝙯𝙡𝙚𝙙❞ *I got permission from the English tra...