Epilogue

3.7K 245 5
                                    

ရွှီထန်းချန်သည် သူ၏လျှပ်စစ်စကူတာလေးဖြင့် ရိကျယ်ကိုတင်ဆောင်ကာလှည့်ပတ်သွားလာရန် သူ၏အိပ်မက်ကို နောက်ဆုံးတွင်သဘောပေါက် သွားခဲ့တော့သည်။

အရွယ်ရောက်ပြီးသူနှစ်ယောက်ထိုင်ရန် အတော်လေးကျဉ်းမြောင်းသော်လည်း ရိကျယ်ကသူ့ကိုပွေ့ဖက်ထားသောကြောင့် စကူတာအရွယ်အစားကမှန်ကန်သည်ဟုပင် ခံစားလာရတော့သည်။

ရိကျယ်သည်စန်းယာတွင် ရက်အနည်းငယ်ကြာနေခဲ့လေသည်။ရွှီထန်းချန်၏စကားအရ သူတို့နှစ်ဦးသည်တင်ပါးဆုံမှချိတ်ဆက်ထားသလိုဖြစ်နေပြီး တတ်နိုင်ပါကရေချိုးခန်းသို့ပင် အတူတူသွားကြလေသည်။ရွှီထန်းချန်က သူတို့သည်သူတို့၏အပြုအမူကိုကောင်းစွာအလေးမထားဘဲ အနည်းငယ်ပင်ထိန်းမနိုင်သိမ်းမရဖြစ်နေသည့်တိုင် သူ တမင်ပြောင်းလဲခြင်းမျိုး မလုပ်ခဲ့ပေ။မတွေ့ရသည်မှာကြာမြင့်လှချေပြီ။နေ့တိုင်းနေ့တိုင်း ပွေ့ဖက်နေကြလျှင်ပင် တရားလွန်ဖြစ်မနေခဲ့။

ရွှီထန်းချန်၏အခန်းအတွင်းရှိအိပ်ရာသည် အနည်းငယ်သေးငယ်သော်လည်း ညဘက်တွင်မူ၎င်းတို့သည်တူညီသောကုတင်ပေါ်တွင် အိပ်စက်ရန်အတင်းအကြပ်တောင်းဆိုနေကြဆဲ။

ရက်အနည်းငယ်ကြာပြီးနောက် ရွှီထန်းချန်သည်ရိကျယ်အနားတွင် လှဲလျောင်းလိုက်သောအခါ၌ပင် အရာအားလုံးသည်အလွန်အစစ်အမှန်မဟုတ်ကြောင်း သူခံစားမိလာဆဲ။သူ အိပ်မပျော်နိုင်ခဲ့။မျက်လုံးများကိုမှိတ်ထားရင်း ဗိုက်ပေါ်ရှိရိကျယ်၏လက်ကိုထိရန် မကြာခဏဆိုသလိုလက်ကိုမြှောက်လာတတ်လေသည်။

ရိကျယ်က၎င်းကိုခဏမျှသာ သည်းခံနိုင်လေသည်။ ထို့နောက်သည်းမခံနိုင်တော့ဘဲ သူ့ဗိုက်အရေပြားပေါ်တွင်လှုပ်နေသောလက်ကို ဆုပ်ကိုင်လိုက်၏။သူကနောက်ကိုလှည့်လိုက်ပြီး ရွှီထန်းချန်၏နားထဲသို့တိုးတိုးလေးပြောလာ၏။

"မထိနဲ့တော့ အစ်ကိုဆက်လုပ်နေရင်ကျွန်တော်သည်းမခံနိုင်တော့ဘူး"

မျက်လုံးများကိုမှိတ်ထားရင်း ရွှီထန်းချန်သည်ကျယ်လောင်စွာရယ်မောလိုက်လေသည်။သူကမျက်လုံးကိုဖွင့်လိုက်ပြီးနောက် ရိကျယ်အနားသို့ယခင်ကထပ်ပိုတိုးကပ်သွားကာ သူ့အားနမ်းလိုက်လေသည်။

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now