Chapter 40

1.3K 197 2
                                    

ကျန်းရိခွန်းသည် စားသောက်ပြီးနောက်အရက်သောက်ခဲ့ပြီး သူ၏ကားကိုစားသောက်ဆိုင်တွင်ထားခဲ့ကာ ရွှီထန်းချန်၏ကားဖြင့်သာ ပြန်ခဲ့လေသည်။အပြန်လမ်းတစ်လျှောက်လုံးတွင် သူသည်နောက်ထိုင်ခုံတွင်ထိုင်ကာ ချန်ရွှီအားသံသယမရှိစွာစနောက်နေလေတော့သည်။

ရွှီထန်းချန်သည် နောက်ကြည့်မှန်ကိုအကြိမ်အနည်းငယ်မျှ စိုက်ကြည့်လိုက်သော်လည်း ကျန်းရိခွန်းက တော့သူ့ကိုယ်သူ ချုပ်ထိန်းထားခြင်းမရှိပေ။ကျန်းရိခွန်းကားပေါ်မှဆင်းပြီးနောက် ဘယ်ဘက်signalပြကာ လမ်းပေါ်သို့မတက်ခင် ရွှီထန်းချန်ကချန်းရွှီကိုမေးလိုက်၏။

"သူနဲ့နီးနီးကပ်ကပ်နေရတာမကြိုက်ဘူးလို့ မင်းပဲပြောတာမဟုတ်ဘူးလား?မင်းတို့နှစ်ယောက်က ဘာလို့  အရမ်းရင်းနှီးနေကြတာလဲ?"

"ငါတို့မရင်းနှီးပါဘူး"

ချန်းရွှီက ရေရွတ်လိုက်ပြီးဆက်ပြောလာ၏။

"အစတုန်းကတော့ ငါလည်းမကျေမနပ်ဖြစ်ပေမဲ့ နောက်ပိုင်းကျတော့ တခြားလူတွေနဲ့အတူစားသောက်ပြီး ငါမူးသွားတဲ့တစ်ခေါက်ရှိသေးတယ် စားသောက်ဆိုင်မှာ ငါသူ့ကိုဝင်တိုက်မိပြီး သူကငါ့ကိုအဲ့လူတွေကြားကနေဆွဲထုတ်ပေးပြီး တစ်ညနားဖို့သူ့နေရာကိုတောင် ခေါ်သွားပေးခဲ့သေးတယ် အဲ့ဒါလည်းပြီးရော သူကအတော်လေးသဘောကောင်းတယ်လို့ ငါခံစားလိုက်ရတာပဲ"

"မင်းမူးတာလား? ငါကမင်းအများကြီးမသောက်တတ်ဘူးထင်နေတာ?"

"အမ်း..."

ချန်းရွှီက ယောင်ဝါးဝါးဖြင့်ပြန်ဖြေလာ၏။

"ငါတစ်ယောက်ယောက်နဲ့ တွေ့ဆုံပွဲတစ်ခုကိုသွားတုန်းကပါ"

ဖူသိုက်ချင်းကိုကူညီပေးနေသည်မှလွဲ၍ ချန်းရွှီတွင်အခြားအလုပ် သို့မဟုတ် အလုပ်သင်ဆင်းနေခြင်းမျိုးမရှိသည်ကို ရွှီထန်းချန်သိထားပြီးဖြစ်သောကြောင့် ဆက်စပ်ကာတွေးကြည့်လျှင် ၎င်းဟာမည်ကဲ့သို့တွေ့ဆုံပွဲမျိုးဖြစ်သည်ကို သူအကြမ်းဖျင်းမှန်းဆနိုင်လေသည်။၎င်းဟာ အတော်လေးထူးဆန်းလှသည်ဟု သူတွေးနေမိ၏။ချန်းရွှီ၏ အရက်သောက်နိုင်စွမ်းမှာ သူ့ထက်ပင်ပို၍ဆိုးလေသည်။

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now