Chapter 15(U)

1.6K 199 9
                                    

ရိကျယ်က အိမ်ကိုမြန်မြန်ပြန်လာခဲ့၏။

အိမ်ကသူထွက်သွားစဉ်ကလိုပင် ရှုပ်ပွကာဖရိုဖရဲဖြင့်။မျှော်လင့်ထားသည့်အတိုင်းပင် ရှန်းရှိရိက ထွက်သွားလေပြီ။ရိကျယ်က သူမ၏အိပ်ခန်းတံခါးကိုဖွင့်ကာ တစ်ချက်ကြည့်လိုက်ချိန်တွင်တော့ အနက်ရောင်ခရီးဆောင်အိတ်ကြီးမှာ မရှိတော့။

၎င်းက သူမပြန်လာရန်အချိန်အတော်ကြာမည်ဟု ဆိုလိုခြင်းသာ။ရိကျယ်က အတွေးများကို ဖြေလျှော့လိုက်လေသည်။ 

ခဏအကြာတွင် ရွှီထန်းချန် ရောက်လာနိုင်သည်ကိုသတိရသွားကာ တံမြက်စည်းနှင့်အမှိုက်ဂေါ်ပြားကိုယူပြီး အလွန်ရှုပ်ထွေးနေသော ကြမ်းပြင်ကိုသန့်ရှင်းရေးလုပ်ရန် အဆင်သင့်ဖြစ်နေချိန်တွင် ထူးဆန်းသည့်အနံ့တစ်ခုကိုရလိုက်၏။

သူက ရပ်တန့်သွားမိ၏။သေသေချာချာရှူရှိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လာတော့သည်။နောက်ဆုံးတွင် သူသည် အနံ့၏အရင်းအမြစ်ကို ရှာတွေ့သွားတော့သည်—သူသည် အပြင်၌ အချိန်အတော်ကြာ လှည့်လည်သွားလာနေခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်ပင် မီးရှူးမီးပန်းများမှ ယမ်းနံ့များသည် သူ့ခန္ဓာကိုယ်ပေါ်တွင်ရှိနေလေသည်။

ရိကျယ်အတွက် ယမ်းနံ့သည် နွေဦးပွဲတော်၏ ရနံ့ပင်။အနံ့ကိုသိလိုက်ရသဖြင့် ရိကျယ်သည် ရုတ်တရပ်စိတ်တိုသွားကာ ကြမ်းပြင်ကိုဒေါသတကြီးကန်ပစ်လိုက်တော့သည်။

သူ့ဖိနပ်က ကြမ်းပြင်ပေါ်ရှိကြွေထည်အပိုင်းအစတစ်ခုကို တိုက်မိသွားပြီး ၎င်းကိုရှေ့သို့အမြန်လျှောကျသွားစေကာ ထိုနေရာရှိအမှိုက်ဂေါ်နှင့် တိုက်မိသွားစေ၏။

ရိကျယ်မှာ လုံလောက်အောင်စိတ်အနှောင့်အယှက်မဖြစ်ရသေးသလိုပင် ပရမ်းပတာဖြင့်ပြိုလဲကျိုးပဲ့မှုများက ဆက်တိုက်ဆိုသလိုထွက်ပေါ်နေကာ ၎င်းတို့မှာစိတ်လှုပ်ရှားမှုထဲလျှင်မြန်စွာပါဝင်ကာ သူ့ခေါင်းကိုပါပေါက်ထွက်စေတော့မလို။

ရိကျယ်က အောက်နှုတ်ခမ်းကိုကိုက်ပြီး အိမ်ထောင့်ကိုစိုက်ကြည့်ရင်း သူ့ကိုယ်သူ ပြန်တည်ငြိမ်အောင် ကြိုးစားလိုက်၏။

An Accident in Broad Daylight || ဘာသာပြန်《Completed》Tempat cerita menjadi hidup. Temukan sekarang