Chapter 23

1.2K 195 1
                                    

တစ်နေ့က သူနှင့်ရွှီထန်းချန်တို့ ထိုအကြောင်းကိုပြောပြီးနောက် အခန်းဖော်များနှင့်ရိကျယ်၏ ဆက်ဆံရေးမှာ တစ်ချိန်လုံး ဟက်ဟက်ပက်ပက် မရှိသောအခြေအနေတွင် ရှိနေခဲ့၏။သူသည် အမြဲတမ်း စောစောစီးစီးထသူဖြစ်ခဲ့ပြီး နံနက်ခင်းလူနည်းသောအချိန်ကို အခွင့်ကောင်းယူပြီး တစ်ပတ်လျှင် အနည်းဆုံးသုံးကြိမ် အားကစားကွင်းကိုလှည့်ပတ်ပြေးခဲ့လေသည်။

တစ်ခါတစ်ရံ သူ့အခန်း၌အိပ်ယာမှနောက်ကျ၍ ထတတ်သူတစ်ယောက်က မနက်စာဝယ်လာပေးရန် အကူအညီတောင်းတတ်လေသည်။သူကလည်း အမြဲသဘောတူတတ်ပေသည်။ထိုမှလွဲ၍ သူတို့၏ပင်ကိုယ်စရိုက်များက သဟဇာတမဖြစ်သောကြောင့် ခင်မင်ရင်းနှီးမှုများက ပိုနက်ရှိုင်းမသွားခဲ့။

တစ်ဖက်တွင် ကျန်းရိခွန်းသည် သူ့ကိုရှာရန် အဆောင်သို့ မကြာခဏလာလေ့ရှိ၏။ပထမဆုံးအကြိမ်မှာ ညဘက်ကြီးပင်။သူတို့အဆောင်မှ မီးများပိတ်ခါနီးတွင် ကျန်းရိခွန်းသည်ရုတ်တရက် တံခါးခေါက်ပြီး သူ့ဖုန်းကိုငှါးလာခဲ့၏။သူ့ဖုန်းကပျက်သွားကာ အရေးတကြီး ဖုန်းခေါ်စရာရှိခြင်းကြောင့်ဟု သူကပြောလာခဲ့ခြင်း။

ရိကျယ်ကဖုန်းကိုပေးလိုက်ပြီးနောက်မှသာ သူ့ Wallpaperက အနည်းငယ်မျှမသင့်တော်သည်ကို ပြန်သတိရသွားတော့သည်။သို့သော် ကျန်းရိခွန်းသည် သူ့ဖုန်းနှင့် အပြင်ထွက်သွားပြီးဖြစ်သည်ကို မြင်လိုက်ရသဖြင့် ရိကျယ်က ပြဿနာကြီးကြီးမားမားမဟုတ်ဟု ထင်ကာ ဘာမှပြောမနေတော့။

ထိုအချိန်က သူအသုံးပြုနေသည့်ဖုန်းမှာ
မျက်နှာပြင်ကြီးသည့် စမတ်ဖုန်းမဟုတ်သော်လည်း သူသုံးနေသည့်wallpaperပုံက ကြည်လင်ပြတ်သားနေကာ ၎င်းမှာလူတစ်ယောက်၏နောက်ကျောပုံလေးဖြစ်ကြောင်း ပြောနိုင်လောက်အောင်ပင်။ထို့အပြင် ထိုလူမှာ ရိကျယ်ကိုယ်တိုင်မဟုတ်ခဲ့။

တံခါးနားရောက်ခါနီးအချိန်၌ ကျန်းရိခွန်းက ရပ်တန့်သွားပြီး သူ့ကိုလှည့်ကြည့်လာသည်ကို ရိကျယ်တွေ့လိုက်ရ၏။ သူကရဲဝံ့၍ပွင့်လင်းစွာပင် ထိုသူ၏ အကြည့်နှင့်တွေ့ဆုံခဲ့၏။သူတို့၏အကြည့်များက လေထုထဲတွင် ခဏမျှဆုံမိသွားပြီးနောက် ကျန်းရိခွန်းက ပြုံးကာထွက်သွားတော့သည်။

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now