Chapter 19

1.2K 207 6
                                    

ရိကျယ်က နွေရာသီအလုပ်တစ်ခုရှာခဲ့လေသည်။အကင်ဆိုင်တစ်ဆိုင်တွင် ကျောက်ဝေ့ဖန်နှင့် အတူအလုပ်လုပ်ခဲ့ပါ၏။သူဌေးက အလွန်ဖော်ရွေသူဖြစ်ပြီး နေတိုင်းအလုပ်ပြီးချိန်တွင်
လူတိုင်းကို ပေါ့ပေါ့ပါးပါးထမင်းစားရန်၊ဘီယာသောက်ပြီးစကားစမြည်ပြောရန် ဖိတ်ခေါ်လေ့ရှိ၏။

သို့သော်လည်း ရိကျယ်နှင့်ကျောက်ဝေ့ဖန်တို့ကအစပိုင်းတွင် ကျန်နေခဲ့ကြသော်လည်း ရက်အနည်းငယ်ကြာပြီးနောက် သူတို့မစားတော့ဘူးဟု ပြောလိုက်ကြလေသည်။အကင်ဆိုင်တွင် မီးခိုးများကပြင်းထန်ပြီး မီးတောက်များကပူလောင်လေသည်။

လေဟာပြင်ဆိုင်ဖြစ်သည်ဆိုလျှင်တောင် နေ့တိုင်းလိုလိုပင် သူတို့နှစ်ယောက်၏ခန္ဓာကိုယ်အနှံ့ အနံ့အသက်များက ကပ်တွယ်နေတတ်ပြီး ဝေ့ဝဲလာတတ်သည့်အနံ့အသက်ကပင် သူတို့ကိုပျိုတက်လာစေရန် လုံလောက်နေလေပြီ။အလုပ်ဆင်းချိန်တိုင်း အိမ်သို့အမြန်ပြန်ကာ ရေချိုးရန်မှလွဲ ဘာကိုမျှမလုပ်ချင်တော့။

ကျောက်ဝေ့ဖန်သည် သူမ၏ခါးစည်းကို ချွတ်လိုက်ပြီး အခန်းအတွင်းရှိ အဝတ်စင်ပေါ်တွင် ချိတ်လိုက်လေသည်။သူမက မျက်မှောင်ကြုတ်ကာ ငုံ့ကြည့်ရင်း အဝတ်အစားများကို စစ်ကြည့်လိုက်လေသည်။ယနေ့လှည့်ပတ်ပြေးနေသည့်ကလေးငယ်လေး၏ ကျေးဇူးကြောင့် သူမကဗန်းကိုမှောက်ချလိုက်မိပြီး အချဉ်ရည်များနှင့်အကင်များအားလုံး သူမအပေါ်ကို မှောက်ကျသွားစေခဲ့၏။

သူဌေး၏ဇနီးသည် အလွန်ငဲ့ညှာပြီး အစွန်းအထင်းများကို ဖုံးကွယ်ရန် ခါးစည်းကိုချက်ချင်းရှာပေးခဲ့လေသည်။သို့သော်လည်း ယခုအလုပ်ပြီးချိန်၌ ထိုအစွန်းအထင်းများကို ကြည့်ရင်း လန့်သွားရလေသည်။သူမသည် ယနေ့တွင် အဝါဖျော့ဖျော့ရှပ်အင်္ကျီကို ၀တ်ဆင်ထားသောကြောင့် သူမ၏ ရင်ဘတ်ပေါ်ရှိ ရှုပ်ပွနေမှုကို ပို၍ထင်ရှားနေစေခဲ့လေသည်။

သူမသည်အခန်းထဲတွင် အကြာကြီး နေခဲ့လေသည်။တစ်စုံတစ်ယောက်က တံခါးလာခေါက်၏။

"မပြီးသေးဘူးလား?"

ကျောက်ဝေ့ဖန်သည် သူမ၏ကံဆိုးမှုကြောင့် ရင်တွင်း၌ သက်ပြင်းတစ်ချက်ချလိုက်ပြန်၏။ကြိတ်မှိတ်သီးခံရင်း တံခါးကိုဖွင့်ကာထွက်လာခဲ့လေသည်။

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now